နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွာရတ်ဇ်ရဲ့ဇာတ်လမ်းမှာ ဗီလိန်ဖြစ်မှန်းမသိဖြစ်ခဲ့ရတဲ့ ရော်နယ်ကိုးမန်း

စက်တင်ဘာ  ၂၉


ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာကိုရောက်ပြီး မကြာခင်မှာပဲ ဆွာရတ်ဇ်ကိုခေါ်တွေ့ကာ သူ့ရဲ့အနာဂတ် အစီအစဉ်တွေမှာ မပါတော့ဘူးလို့ ပြောကြားခဲ့သူပါ။ ဒါကြောင့်လည်း ဆွာရတ်ဇ်ကို လျှော့စျေး ပေါင် ၅ ဒသမ ၅ သန်းနဲ့ ရောင်းထုတ်လိုက်ကြပါတယ်။ အဲဒီလို ဆွာရတ်ဇ်ကို မျက်နှာလွှဲခဲပစ်ရောင်းထုတ်တာနဲ့ပတ်သက်ပြီး မက်ဆီအပြင် ဘာစီကစားသမားဟာင်းတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရော်နယ်ကိုးမန်း ရင်ဆိုင်ခဲ့ရပါတယ်။ ဆွာရတ်ဇ်ကိုရောင်းထုတ်ရာမှာ ကိုးမန်းလည်း အလိုတူအလိုပါဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ ဆွာရတ်ဇ်ရဲ့ အသင်း အတွက် စွမ်းဆောင်ခဲ့မှုတွေကို မထောက်ထားဘဲ အာဏာရှင်ဆန်ဆန်ပြုမူခဲ့မှုကြောင့် ဘာစီဘုတ်အဖွဲ့အပေါ် မက်ဆီရဲ့ အမြင်မကြည်မှုတွေပိုများလာပါတယ်။ နည်းပြနဲ့ မက်ဆီကြား ဆက်ဆံရေးလည်း အက်ကြောင်း ထင်လာခဲ့ပါတယ်။ ဒါကြောင့် နည်းပြကိုးမန်းက ဒီဖြစ်ရပ်တွေမှာ သူ ဗီလိန်အဖြစ် အရောင်ဆိုးခံရ၊ တွန်းပို့ခံရတာ ဖြစ်ပြီး သူမရောက်ခင်ကတည်းက ဘုတ်အဖွဲ့က ဆွာရတ်ဇ်ကိုရောင်းထုတ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ 

စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးမန်းက “ကျွန်တော် ဒီဖြစ်ရပ်မှာ ဗီလိန်ဖြစ်မှန်းမသိ ဖြစ်ခဲ့တာပါ။ ကျွန်တော်မရောက်ခင်ကတည်းက ဆွာရတ်ဇ်ကိုရောင်းဖို့ အပါအဝင် အချို့ဆုံးဖြတ်ချက်တွေကို ဘုတ်အဖွဲ့က ချမှတ်ထားပြီးသားဖြစ်ပါတယ်။ ကျွန်တော် ဒါတွေကို ထောက်ခံလိုက်ရုံပါပဲ။ ဒါကြောင့် ကျွန်တော်နဲ့မဆိုင်ဘူးလို့တော့ ပြောမရပေမယ့် ကျွန်တော့ပယောဂကြောင့်တော့လုံးဝမဟုတ်ပါဘူး။ ကျွန်တော် ဆွာရတ်ဇ်ကို လူပုဂ္ဂိုလ်အရရော၊ ကစားသမားအဖြစ်နဲ့ပါ လေးစားပြီးသားပါ။ ကျွန်တော် သူ့ကိုပြောခဲ့တာက ဆက်နေရင် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ရပေမယ့် အသင်းရဲ့ကစားသမားအစိတ်အပိုင်းအဖြစ်တော့ ဆက်ရှိ နေမယ်ဆိုတာပါ”လို့ ရှင်းပြခဲ့ပါတယ်။ 

ကာလရှည်လက်တွဲခဲ့တဲ့သူပီပီ သံယောဇဉ်ကြီးရသူတစ်ဦး ရုတ်တရက်လမ်းခွဲရတာ စိတ်လှုပ်ရှားဖွယ် စကားလုံးတွေဖွင့်ဟလာတဲ့ မက်ဆီရဲ့ခံစားချက်ကိုနားလည်ပါတယ်လို့ကိုးမန်းကပြောခဲ့ပါတယ်။         

(SO)






အခြားဆက်စပ်သတင်းများ