နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူတို့ ကံကောင်းပြီး ဘရိုက်တန်တို့ ကံခေခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)

စက်တင်ဘာ  ၂၈


စနေနေ့ညက ကစားသွားတဲ့ မန်ယူနဲ့ ဘရိုက်တန်တို့ပွဲမှာ မန်ယူတို့  ၃-၂ နဲ့ နိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီပွဲရဲ့ရလဒ်ကို အဖြေထုတ်ပေးသွားတာက VAR နဲ့ ကွင်းလယ်ဒိုင်တို့ပါပဲ။ ဘရိုက်တန်တို့ရရှိခဲ့တဲ့ အဖွင့်ဂိုးကို VAR က သတ်မှတ်ပေးခဲ့ပြီး ပေါ့ဘာနဲ့ တွန်နိုလီတို့ ထိခိုက်မှုကိုတော့ VAR က ပင်နယ်တီမပေးခဲ့ပါဘူး။ ဒါ့အပြင် နာကျင်အချိန်ပိုပြည့်လို့ တစ်ဖက်နှစ်ဂိုးစီနဲ့ ပွဲပြီးဆုံးကြောင်းခရာမှုတ်ပြီးမှ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး မန်ယူအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ် ။ ဒီပွဲမှာ မန်ယူအသင်း ကစားပုံညံ့ဖျင်းခဲ့ပေမယ့် ကံတရားရဲ့ ဖေးမမှု၊ VAR ရဲ့ မျက်နှာသာပေးမှု၊ ဒိုင်လူကြီးရဲ့ အံ့အားသင့်ဖွယ်အဆုံးအဖြတ်တို့ကြောင့်သာ အနိုင်ရခဲ့တာပါ။ ပထမပိုင်းမှာ အရူနိုကြောင့် ဘရိုက်တန်တို့ ပင်နယ်တီရခဲ့ကာ ဦ:ဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ သလို ပွဲပြီးကာနီးမှာပဲ မူပေးရဲ့လက်ထိမှုကြောင့် ဒိုင်က ပင်နယ်တီပေးခဲ့ကာ ဘရူနိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာကြောင့် မန်ယူတို့ သရေပွဲကနေ အနိုင်ပွဲအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂွဲယားက သွင်းဂိုးတိုင်းမှာ ပါဝင်ပတ်သက်နိုင်ခဲ့တာကိုတော့  တွေ့ရပါတယ်။ ချေပဂိုးဖြစ်စေမယ့် ဒန့်ခ်ရဲ့ Own Goal ကိုလည်း မက်ဂွဲယားပဲ ယူပေးခဲ့တာပါ။ နောက်ဆုံးပင်နယ်တီရဖို့ကလည်း သူ့ရဲ့ ခေါင်းတိုက် ချက်ကြောင့် မူပေးရဲ့လက်ကိုထိခဲ့တာပါ။ ဘရိုက်တန်ရဲ့ မူပေးကတော့ ၃ ပွဲကစားသွင်းဂိုး ၃ ဂိုးရရှိထားသူ ဖြစ်ပါတယ်။ ချဲလ်ဆီးကနေပြောင်းလာတဲ့ ဘရိုက်တန်ကွင်းလယ်ကစားသမား အသက် ၁၉ နှစ်အရွယ် လမ်တေးရဲ့ ထိုးဖောက်မွှေနှောက်မှု၊ ရက်ရှ်ဖို့ဒ်အပေါ် ထိန်းချုပ်ကစားမှုတွေဟာ မန်ယူတို့ကို ဒုက္ခပေးနိုင်ဆုံး ကစားသမားပါ။ ဘရိုက်တန်တို့  ဂိုးကံခေပြီး အကြိမ်ကြိမ် တိုင်တွေတန်းတွေထိခိုက်ခဲ့တောကြောင့် ရှုံးနိမ့်ခဲ့ရ တာလို့ ပြောလို့ရပါသေးတယ်။ ဒီပွဲမှာ ဘရိုက်တန်တို့ ခြေစွမ်း၊ နည်းဗျူဟာ၊ စိတ်ဓာတ်၊ ဂိုးကန်သွင်းခွင့် အသာတို့ရခဲ့ပေမယ့် ကံတရားကိုမယှဉ်နိုင်လို့သာ ရှုံးနိမ့်ခဲ့ရတာပါ။ (SO)






အခြားဆက်စပ်သတင်းများ