နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဖက်အသင်းတစ်သင်းပေါ်ထားတဲ့ ရော်နယ်ဒိုရဲ့ စိတ်ထား

စက်တင်ဘာ  ၂၈


ပီယာနစ်ဟာ ယခုနွေရာသီအစောပိုင်းက ဘာစီလိုနာအသင်းထံကို အလဲအထပ်အစီအစဉ်နဲ့ ဂျူဗင်က နေပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုဟာ အတိတ်က စပိန်မြေမှာ ခါးသီးတဲ့ပြိုင်ဘက် အသင်းဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းထံကို ဂျူဗင်တပ်အသင်းဖော် မီယာလန်ပီယာနစ်ရောက်ရှိဖို့ တိုက်တွန်း အားပေးစကားပြောကြားခဲ့တယ်လို့ ကာယကံရှင် ပီယာနစ်က ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ကြားရသူ အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါမှာတုန်းက ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့မယ့် ပီယာနစ်ကို တားမြစ်ရှုတ်ချစကားပြောရမယ့်အစား ဘာစီအသင်းကို ဂုဏ်မြှင့်ပြောဆိုတိုက်တွန်းခဲ့တယ်လို့ ပီယာနစ်က ပြောဆိုခဲ့တာပါ။ ရော်နယ်ဒိုနဲ့ ဘာစီကြားမှာ ဖြစ်ရပ်များစွာ၊ အငြင်းပွားမှုများစွာ၊ အပြစ်တင်ဝေဖန်မှု များစွာရှိနေခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပရိုဆန်မှုအပေါ် ပရိသတ်က ချီးကျူးခဲ့ပါတယ်။ 

“သူက ဂျူဗင်တပ်ကနေထွက်ခွာတော့မယ်ဆိုတော့ သူတော်တော်စိတ်ပျက်သွားတယ်။ သူက မင်း ဘာစီလိုနာလို ကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ပျော်ရွှင်စရာအများကြီးရရှိမှာပါ။ ရော်နယ်ဒိုဟာ ဂျူဗင်မှာ အရမ်းပရိုဖက်ရှင်နယ်ဆန်တဲ့သူပါ။ အဝတ်လဲခန်းမှာလည်း အရေးကြီးဆုံးလူတစ်ယောက်ဖြစ်ပါတယ်။ လူတိုင်း အတွက် ဥပမာပေးစရာတစ်ခုအဖြစ် တည်ရှိနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်”လို့ အသက် ၃၀ နှစ် အရွယ် ပီယာနစ်က ပြောပါတယ်။ 

ပီယာနစ်ဟာ ဘာစီကို ယူရို ၄၅ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဘာစီမှ အာသာမယ်လို ကတော့ ယူရို ၆၆ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာတာပါ။ ပီယာနစ်ရဲ့ အင်တာဗျူးအမေးအဖြေကြောင့် ဘာစီ ပရိသတ်အချို့ကပါ ရော်နယ်ဒိုကို ခုလိုပြောပေးလို့ ကျေးဇူးတင်ကြောင်းများ ပြောဆိုခဲ့ပါတယ်။  

 (SO)






အခြားဆက်စပ်သတင်းများ