နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Internationaux de Strasbourg တင်းနစ်ပြိုင်ပွဲတွင် စဗစ်တိုလီနာ ချန်ပီယံဆု ဆွတ်ခူး

စက်တင်ဘာ  ၂၈


ပြင်သစ်နိုင်ငံ၊ စထရာဘော့မြို့၌ ကျင်းပခဲ့သည့် Internationaux de Strasbourg အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ယူကရိန်းတင်းနစ်မယ် စဗစ်တိုလီနာက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် ယူကရိန်းတင်းနစ်မယ် စဗစ်တိုလီနာနှင့် ကာဇက်စတန်တင်းနစ်မယ် ရွိုင်ဘာကီနာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စဗစ်တိုလီနာက (၄-၆၊ ၆-၁၊ ၆-၂) ရလဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုဖလားက စဗစ်တိုလီနာအတွက် ကစားသမားဘဝသက်တမ်းတစ်လျှောက် ၁၅ လုံးမြောက် ဆုဖလားဖြစ်သည်။

“ဒီပြိုင်ပွဲဟာ ကျွန်မအတွက် အရေးပါတဲ့ပြိုင်ပွဲပါ။ အောင်မြင်မှုတွေနဲ့ ပြန်လည်နီးစပ်ဖို့အတွက် အခုရရှိတဲ့ ဆုဖလားကသိပ်အရေးပါပါတယ်။ ကျွန်မရဲ့ ကစားသမားဘဝအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ် လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုဟာဆုကြေးငွေထက် အောင်မြင်မှုမှတ်တမ်းကပိုအရေးကြီးပါတယ်”ဟု စဗစ်တိုလီနာက ပြောကြားခဲ့သည်။

စဗစ်တိုလီနာသည် ယင်းပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ကြောင်း သိရသည်။                

(သူရိန်)






အခြားဆက်စပ်သတင်းများ