နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးတို့ ပေါ်တူဂီခံစစ်မှူး ရူဘင်ဒိုင်ယက်ကို ခေါ်ယူအားဖြည့်

စက်တင်ဘာ  ၂၈


မန်စီးတီးဟာ သူတို့ရဲ့ အားနည်းနေတဲ့ ဗဟိုခံစစ်နေရာအတွက် ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာ အသင်းရဲ့ ဗဟိုနောက်ခံလူ ရူဘင်ဒိုင်ယက်ကို ခေါ်ယူအားဖြည့်နိုင်ခဲ့တယ်လို့ ဥရောပအခြေစိုက် သတင်းဌာန တွေက ဖော်ပြနေကြပါတယ်။ အသက် ၂၃ နှစ် သား ပေါ်တူဂီခံစစ်မှူးဟာ ဘင်ဖီကာရဲ့ လူငယ်အကယ်ဒမီကနေ ထွန်းတောက်လာတဲ့ ကစားသမားပါ။ ဗဟိုခံစစ်ရဲ့ ဘယ်၊ ညာ နှစ်ဖက်စလုံးမှာ ပါဝင်ကစားနိုင်တဲ့သူပါ။ မန်စီးတီးရဲ့ လက်ရှိခံစစ်မှူးတွေဖြစ်တဲ့ နသန်အကီ၊ လာပေါ့တ်တို့နဲ့ တွဲဖက်ကစားရမှာပါ။ ဒိုင်ယက်ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရကော၊ ဘင်ဖီကာအသင်းနဲ့ပါ သဘောတူညီမှုတွေရရှိထားပြီးဖြစ်ပါတယ်။ မန်စီးတီးက ဒိုင်ယက်အတွက် ယူရို ၅၅ သန်းနဲ့ အသင်းရဲ့ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အော်တာမန်ဒီကို အလိုက်ပေးရမယ်လို့ သိရပါတယ်။ ဒိုင်ယက်ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုမှာပါ။ အော်တာမန်ဒီကလည်း ဘင်ဖီကာနဲ့ ၂၀၂၃ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုမှာပါ။ ဒီသတင်းကိုတော့  နှစ်သင်းစလုံးက အတည်မပြုသေးပေမယ့် နာမည်ကြီးသတင်းထောက် Fabrizio Romano က ဒိုင်ယက်ဟာ မကြာမီ အင်္ဂလန်ကိုရောက်ပြီး မန်ချက်စတာမြို့မှာ ဆေးစစ်မှုတွေလုပ်တော့မယ်လို့ အတည်ပြုထားခဲ့ပါတယ်။ ဒိုင်ယက်ရဲ့အတူနေချစ်သူ လီဗီလည်း ဒိုင်ယက်နဲ့အတူ မန်ချက်စတာမြို့ဆီသွားတဲ့အကြောင်း အသိပေးတဲ့ အနေနဲ့ လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ ဒိုင်ယက်ဟာ မန်စီးတီးရဲ့ မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်တော့မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။                    


(SO)






အခြားဆက်စပ်သတင်းများ