နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလအတွင်း နည်းပြများအပါအဝင် ဝန်ထမ်းများကို လစာလျှော့ယူမည်ဖြစ်ကြောင်း ကြေညာ

ရန်ကုန် ဧပြီ ၂၆ မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေမှုအခြေအနေ မတည်ငြိမ်သေးသည့်အတွက် ဘောလုံး နည်းပြများနှင့် နေရှင်နယ်လိဂ်မှဝန်ထမ်းများအားလုံး လစာလျှော့ယူကြ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဝန်ထမ်းများအနေဖြင့် ဧပြီလကုန်ပြီးချိန် မေလအတွင်းမှစ၍ လစာများ လျှော့ယူမည်ဖြစ်ပြီး အဖွဲ့ချုပ်တွင် ရာထူးတာဝန်အကြီးပိုင်းယူထားသူများအနေဖြင့် လစာ၏ ၄၅ ရာခိုင်နှုန်းကို လည်းကောင်း၊ အခြားသော သက်ဆိုင်ရာ ရာထူးတာဝန်ခန့်ထားသည့် ဝန်ထမ်းများမှာမူ လစာ၏ ၁၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိလည်းကောင်း လစာလျှော့ယူကြမည်ဖြစ်ကာ ယခုကာလလွန်မြောက်ပါက ပုံမှန်အတိုင်း လစာပြန်လည် ယူကြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ခန့်အပ်ထားသောနည်းပြများတွင် ပြည်တွင်းသာမက ပြည်ပနည်းပြ များကလည်း ကပ်ရောဂါကာလအတွင်း လစာ၏ထက်ဝက် ၅၀ ရာခိုင်နှုန်းကိုသာ လျှော့ချယူသွားမည် ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ဝန်ထမ်းများကိုလည်း လစာလျှော့ချမည်ဖြစ်ကြောင်း ပြောကြားထားပြီး လစာပမာဏမည်မျှလျှော့ချမည် ဆိုသည်ကိုမူ အသိပေးထားခြင်းမရှိသေးကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ