နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးလ်ကစားသမားတိုင်းကို စည်းရုံးနိုင်စွမ်းရှိတဲ့ အာဆင်နယ်ရဲ့ နည်းစနစ်ဒါရိုက်တာ

စက်တင်ဘာ  ၂၈


ထိပ်တန်းသတင်းထောက် ဆိုဟီကိုးလ်က ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ အီဒူးဟာ လက်ရှိအချိန်ထိ လက်ရွေးစင်အသင်း၊ ဘရာဇီးလ်စျေးကွက် စတာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေသူပါ။ ဘရာဇီးလ်ဘောလုံးသမားတွေ လေးစားအားထားရသူပါ။ 

ဆိုဟီကိုးလ်က  “သူဟာ ဘရာဇီးလ်အသင်းရဲ့ မန်နေဂျာတော့ မဟုတ်ပါဘူး၊ နှစ်အတန်ကြာ လက်ရွေးစင် အသင်းကိုတာဝန်ယူခဲ့သူပါ။ ဘရာဇီးလ်သားတစ်ယောက်ကို အီဒူးက ‘ဟေ့ကောင် ဒီကိုလာ အာဆင်နယ်မှာ ငါဘယ်လိုတွေတည်ဆောက်နေလဲ၊ ဘာရည်မှန်းချက်တွေရှိလဲ၊ မြင်လားကွ’ လို့ ပြောလိုက်ရင် ဘယ်ဘရာဇီးလ် သားမှ No လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ ခု အာဆင်နယ်လ်အသင်းက အဲ့ဒီနည်းကိုသုံးပြီး ကစားသမားသစ် ရှာဖွေနေတာပါ ”လို့ ဆိုခဲ့ပါတယ်။ 

အီဒူးဟာ အာဆင်နယ်ကိုရောက်ရှိလာပြီးနောက်ပိုင်း ဘရာဇီးလ်ကစားသမားများကို ပစ်မှတ်ထား ခေါ်ယူနေပါတယ်။ လက်ရှိမှာ ဂါဘရီရယ် ဗာတယ်နယ်လီ၊ ဒေးဗစ်လူးဝစ်၊ ဝီလီယံ၊ ဂါဘရီရယ်မဂါဟေးစ်တို့ ခေါ်ယူထားပြီးဖြစ်သလို သီယေဂိုအယ်လ်ကန်တာရာ၊ ရာဖင်ဟာနဲ့ ဖိလစ်ပီကော်တင်ဟိုတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အသက် ၄၂ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ဟောင်း အီဒူးဟာ အာဆင်နယ်မှာ           ၄ ရာသီကြာ ကစားခဲ့ပြီး အောင်ပွဲတွေရခဲ့ပါတယ်။ ဘရာဇီးလ်အသင်းနဲ့လည်း ကိုပါအမေရိကဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။ ၂၀၁၄ မှာ အီရန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြ၊ ၂၀၁၆ မှာ ဘရာဇီးလ်အသင်းရဲ့ ညှိနှိုင်းရေးမှူး၊ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာတော့ အာဆင်နယ်လ်အသင်းထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ယခုဘောလုံးလောကမှာ ဖြစ်ပျက်နေတာတွေကတော့ တစ်နိုင်ငံတည်းသားကစားသမားတွေစုစည်းမှုတွေ ပါဘဲ။ ပရီးမီးယားလိဂ်က ဝုဗ်အသင်းဟာလည်း နည်းပြကအစ ပေါ်တူဂီကစားသမားအများစု ပါဝင်ဖွဲ့စည်းထားတာတွေ့ရပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ