နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးမှ အရှေ့ပိုင်းခရိုင်ရှိ ဈေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်  စက်တင်ဘာလ  ၂၈ ရက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် ကော်မတီဝင် ဒေါ်နန့်စုရွှေစင်တို့သည် ဈေးများဌာန တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်တွင် အရှေ့ပိုင်းခရိုင် အတွင်းရှိ သင်္ဃန်းကျွန်းဈေး၊ မြောက်ဥက္ကလာပ (၂) ရပ်ကွက်ဈေးနှင့် တောင်ဥက္ကလာပ ပဒေသာဈေးများသို့ ကွင်းဆင်း သွားရောက်၍ ဈေးများအတွင်း ဈေးသည်များ စနစ်တကျ ရောင်းချနေမှု၊ ဈေးများအတွင်း လူစုလူဝေး မဖြစ်စေရန် သတိပေးနှိုးဆော်နေမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု၊ ဈေးဝယ်မှုနှင့် ဈေးများအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထား ရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပါသည်။

အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးမှ စစ်ဆေးရာတွင် ဈေးများအတွင်းအခြေအနေမဲ့ တောင်ရမ်းစား သောက်သူများရှိနေကြောင်း၊ တောင်းရမ်းသူများအတွင်းနေထိုင်မကောင်းပဲ အခြားမြို့နယ် များမှ လာရောက်ကြောင်း တွေ့ရှိခဲ့သဖြင့် ယခုကာလအတွင်းဈေးရောင်း ဈေးဝယ်သူများ ထံရောဂါ ပြန့်ပွားမှုမဖြစ်စေရေးအတွက် နေရပ်သို့ပြန်ရန်စီစဉ်ပေးခြင်း၊ အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများ ထပ်မံမလာရောက်စေရေးအတွက် ဈေးတာဝန်ခံ၊ နယ်ခံ လူမှုရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခြင်းများ စသည်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဈေးများအတွင်း ကုန်စည်ဝင်ရောက်မှုနှင့်ပတ်သက်၍ ကြက်သားအား ကြက်ဘဲဈေးမှ လည်းကောင်း၊ ငါးနှင့် ရေထွက်ပစ္စည်းများအား ဗဟိုစံပြငါးဈေးမှ လည်းကောင်း၊ ဝက်သားအား ရွာသာကြီးမှလည်းကောင်း၊ ဟင်းသီးဟင်းရွက်အား သီရိမင်္ဂလာဈေးမှလည်းကောင်း၊ ဒိုင်များမှ နံနက် ၆ နာရီအရောက် ပို့ဆောင်ပေးကြောင်း သိရသည်။




မိုးဝေ






အခြားဆက်စပ်သတင်းများ