နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗဟိုမီးသတ်ယာဉ်စက်များကြည့်ရှု မန္တလေးမြို့လုပ်ငန်းရှင်များက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများပေးအပ်

မန္တလေး ဧပြီ ၂၆ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ဧပြီ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေးဟိုတယ်တွင် ကျင်းပသည့် မန္တလေး မြို့ လုပ်ငန်းရှင်များက မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးရုံးသို့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ပြီး ဂုဏ်ပြုစကားပြောကြားကာ လှူဒါန်းပစ္စည်းများလက်ခံ ရယူပြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူနှင့် တာဝန်ရှိသူများနှင့်အတူ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနဗဟို မီးသတ်စခန်းသို့ သွားရောက်၍ မီးသတ်ယာဉ်စက်များ၊ ရှာဖွေကယ်ဆယ်ရေး ကိရိယာများနှင့် ဝန်ထမ်းနေအိမ်များအား ကြည့်ရှုရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးသန်း ဇော်ဦးက ရှင်းလင်းပြသခဲ့သည်။ ဆက်လက်၍ ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်အတွင်း တပ်မတော်သား များနှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ