နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် ခရီးသွားပြည်သူများ အသုံးပြုရန်အတွက် လူဖျန်းပိုးသတ်ဆေးဖျန်းစက် ဆောင်ရွက်ထားရှိ

ရန်ကုန် ဧပြီ ၂၆ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့် အောက်ကြည့်မြင်တိုင် (ဆင်မင်းစျေး) ကားမှတ်တိုင်တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအသုံးပြုရန် ရည်ရွယ်ကာ တန်ဖိုးငွေကျပ် နှစ်သိန်းငါးသောင်းရှိ လူဖျန်းပိုးသတ်ဆေးဖျန်းစက်ကို ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းမှစတင်ကာ ကြီးလေးကြီး လူမှုကူညီရေး အသင်းက လှူဒါန်းဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိသည်။ အဆိုပါစက်သည် အော်တိုပိုးသတ်ဆေးဖျန်းစက်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းလိုသောလူက စက်အတွင်း သို့ ဝင်ရောက်စေကာ စက္ကန့် ၂၀ ကြာပိုးသတ်ပေးပြီး ဆေးဖျန်းခြင်းလုပ်ငန်းပြီးဆုံးက အော်တိုမီးစိမ်းပြပြီး လူကပြန်လည်ထွက်ခွာရပြီး မည်သူမဆိုအသုံးပြုနိုင်ကြောင်း သိရှိသည်။ တင်တင်ချို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ