နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံတွင် အစိုးရယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရပြီး လူ ၁၈ ဦး သေဆုံး

စက်တင်ဘာ ၂၈၊ အဘူဂျာ


နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် အစိုးရယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရခြင်းကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ပြောသည်။ ပြီးခဲ့သည့်သောကြာနေ့က ဘော်နိုပြည်နယ် အရာရှိ များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၈ ဦးတွင် စစ်သည် ၄ ဦး၊ ရဲအရာရှိ ၁၀ ဦးနှင့် အရပ်သား ၄ ဦး ပါဝင်သည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုမှာ ယင်းတို့၏လက်ချက်ဖြစ်သည်ဟု IS အဖွဲ့က ကြေညာခဲ့ပြီး လူ ၃၀ သေဆုံးခဲ့သည်ဟု ဆိုသည်။


နိုင်ဂျီးရီးယားစစ်တပ်မှာ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်ကတည်းက အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ ဘော်နိုပြည်နယ်မှ အရာရှိများမှာ နေရပ်စွန့်ခွာသူများကို ဘာဂါမြို့သို့ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်ကို အပြီးသတ်ရန် သွားရောက်စဉ် ချုံခိုတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။


ဘော်နိုပြည်နယ်အုပ်ချုပ်ရေးမှူး ဇူလမ်မှာ အစောပိုင်းယာဉ်တန်းတွင် လိုက်ပါခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။ ၂၀၀၉ ခုနှစ်တွင် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည့် ဘိုကိုဟာရမ်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် လူ ၃၀၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ