နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine ဝင်နေသည့် အစိုးရဝန်ထမ်းများ စားသောက်ရေးအဆင်မပြေပါက NCVT မှ တာဝန်ယူဆောင်ရွက်မည်

ရန်ကုန် ဧပြီ ၂၆ လက်ရှိနေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် အစိုးရဝန်ထမ်း ၄၀ဝ ကျော်သည် Quarantine ဝင်နေ ကြောင်းသိရပြီး အစိုးရဝန်ထမ်းများအနေဖြင့် Quarantine ဝင်ရာတွင် စားရေးသောက်ရေးကို သက်ဆိုင်ရာ ဦးစီးဌာနမှ တာဝန်ယူပေးနေရပြီး ယင်းတို့အထဲမှ ဝန်ထမ်းဦးရေ ၇၀ ခန့်သည် စားရေးသောက်ရေး အဆင် မပြေကြောင်း တင်ပြလာသည့်အတွက် NCVT မှ ဆက်လက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော် COVID စေတနာ့ဝန်ထမ်းအဖွဲ့ (NCVT) အနေဖြင့် ဝန်ထမ်းအားလုံးကို တာဝန်ယူ မည်မဟုတ်သော်လည်း စားရေးသောက်ရေးအဆင်မပြေဖြစ်သည့် Quarantine ဝင်နေရသည့် အစိုးရ ဝန်ထမ်းအချို့အတွက် တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အဆင်မပြေတဲ့ ဝန်ထမ်းတွေက သူတို့ကိုယ်တိုင် Requests လုပ်တာတွေ အခုလောလောဆယ်တော့ ၆၀ ကျော် ၇၀ လောက်ရှိတယ်။ အဲဒီဝန်ထမ်းတွေအတွက်ကိုရော အဲဒီဝန်ထမ်းတွေကို ကွပ်ကဲနေတဲ့ရုံးအဖွဲ့ တွေရှိတယ်။ ကျန်းမာရေးတို့၊ မီးသတ်တို့၊ ထွေအုပ်တို့၊ ရဲတို့ အဲဒီအဖွဲ့တွေကို ဆက်လက်ပြီးတော့ စားရေးသောက်ရေး ဝေယျာဝိစ္စအတွက်ရော အဆင်မပြေလို့ Requests လုပ်တဲ့ ဝန်ထမ်းတွေအတွက်ရော ကျွန်တော်တို့ NCVT အနေနဲ့ ဆက်လက်ပြီးတော့ တာဝန်ယူသွားမှာပါ”ဟု NCVT မှ တာဝန်ရှိသူက ပြောသည်။ နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် ပြည်တော်ပြန် ၆၃၁ ဦးကို Quarantine ပြုလုပ်ထားပြီး ၁၀၃ ဦးသည် ရောဂါပိုးမတွေ့ရှိသဖြင့် သတ်မှတ်ရက်လည်း ပြည့်သည့်အတွက်နေရပ်များသို့ ပြန်ရန်ခွင့်ပြုခဲ့ပြီး ကျန်ရှိလူများကို ဆက်လက်စောင့်ကြည့်နေကာ စားရေးသောက်ရေးများ စီစဉ်ပေးကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ