နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီသီးနှံ တိုးချဲ့စိုက်ပျိုး

စက်တင်ဘာ  ၂၈


မြန်မာနိုင်ငံတွင် မုတ်သုံမိုးရာသွန်းမှုသည် စက်တင်ဘာ ဒုတိယပတ်မှစတင်၍ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ယခုရက်သတ္တပတ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှလည်းကောင်း၊ အောက်တိုဘာလဆန်းပိုင်းတွင် အောက် မြန်မာနိုင်ငံမှ ဆုတ်ခွာလျက်ရှိသည်။ ယခုရွာသွန်းသော မိုးကြွင်းမိုးကျန် တဖွဲဖွဲ တသည်းသည်း ရွာသွန်းလျက် ရှိသည်။ ‌ဆောင်းရာသီစိုက်သီးနှံများအတွက် ရွာသွန်းပေးနေခြင်းဖြစ်သည်။ မိုးအကုန် ဆောင်းအကူး ကာလများ တွင် ပဲအမျိုးမျိုးကို ဆောင်းသီးနှံအဖြစ် အဓိကထား၍ စိုက်ပျိုးလေ့ရှိသည်။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်းသည့်နေရာများတွင် ဦးစားပေး စိုက်ပျိုးလျက်ရှိသည်။ နိုင်ငံတစ်ဝန်း ဆောင်းသီးနှံများကို အင်ပြည့်အားပြည့် စိုက်ပျိုးသွားနိုင်ရန် အထူးလိုအပ်မည်ဖြစ်သည်။

ယခုအခါ မြန်မာပြည်အထက်ပိုင်းတွင် မိုးကောင်း၍ ပဲများများအထွက်တိုးနိုင်သည်။ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် စက်မှုစွမ်းအားအသုံးချမှုမြင့်မားလာစေရန် ယာမြေပြုပြင်ခြင်းလုပ်ငန်းများတွင် စက်ယန္တရား များဖြင့် စွမ်းအားပြည့် အသုံးချရန် လိုအပ်သကဲ့သို့ လုပ်ငန်းခွင်တွင်ကျယ်ပြီး ထိရောက်မှုရှိမည်ဖြစ်သည်။ ရာသီဥတုအပြောင်းအလဲက မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်များမှ သွေဖည်လာသည့်အခါ ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်တွင်လည်း ဈေးကွက်တည်ငြိမ်ရန်လိုအပ်သည်။ စိုက်ပျိုးရေးလုပ်ကိုင်ကြ သည့်် တောင်သူများဘဝ တိုးတက်စေရန် ဘက်ပေါင်းစုံမှ ကူညီလျက်ရှိသော်လည်း အဓိကကျသည့် သီးနှံ ဈေးနှုန်းမှာ တည်ငြိမ်မှုမရှိသေးပေ။ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေလိုအပ်ချက်များဖြစ်ပေါ် လာမှုအပေါ် ဆည်ရေသောက်ဒေသများ၏ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး လိုအပ်ရာ တောင်သူဦးကြီးများ  အနေဖြင့် ရေကောင်း၊ မြေကောင်း အခြေခံကောင်းများကို လက်လွတ်မခံဘဲ မိမိတို့မိသားစုများ ဝင်ငွေတိုးပွား စေရေးအတွက် ရာသီသီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးစားစိုက်ပျိုးစေချင်ကြောင်း  . . . . . ။        ။






အခြားဆက်စပ်သတင်းများ