နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချို စက်တင်ဘာ ၂၈


 စက်တင်ဘာ ၂၆ ရက်၊ ည  ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အိုက်စိုင်းမောင်းနှင်ပြီး မခင်မြိုင်(ခ)အေးနွမ်း လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်း ရမိခဲ့ပါသည်။ 

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့်အတူ အိုက်စိုင်း(၃၄)နှစ်၊ မခင်မြိုင်(ခ)အေးနွမ်း(၃၉)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ