နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်ဘာလေထီလက်မှတ်များ လာရောက်ထုတ်ယူခြင်း မရှိသဖြင့် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများတွင် ထီလက်မှတ်များ ကျန်ရှိနေ

ရန်ကုန် ဧပြီ ၂၅ ပြည်တွင်း၌ ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူခွင့်ရသူများက လာရောက်ထုတ်ယူခြင်းမရှိသဖြင့် မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် အောင်ဘာလေထီလက်မှတ်များ ကျန်ရှိနေကြောင်း ရန်ကုန်မြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။ ယခုလက်ရှိတွင် နိုင်ငံတစ်ဝန်း၌ စီးပွားရေးလုပ်ငန်းများ ယာယီရပ်နားထားရခြင်း၊ လျှော့ချလုပ်ကိုင် ရခြင်းများရှိသလို အောင်ဘာလေထီလက်မှတ် အရောင်းဆိုင်ခွဲအချို့လည်း ပိတ်ထားကြပြီး ဖွင့်လှစ်နေသော ထီလက်မှတ်အရောင်းဆိုင်များတွင် ရောင်းအားများ ကျဆင်းမှုကြောင့် အောင်ဘာလေထီလက်မှတ်များ လာရောက်ထုတ်ယူခြင်း မရှိသဖြင့် ထီလက်မှတ်များ ကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လာရောက်ထုတ်ယူခြင်း မရှိသဖြင့် ကျန်နေသော ထီလက်မှတ်များကို စာရင်းပြုစုပြီးပါက (၁၅) ကြိမ်မြောက် ၁၀ဝ၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ခွဲဝေချီးမြှင့်မည့် ဆုမဲများ စာရင်းကို အများပြည်သူသိရှိစေရန် အချိန်မီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် (၁၅) ကြိမ်မြောက် ၁၀ဝ၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကိုလည်း ရက်ရွှေ့ဆိုင်းခြင်းမရှိဘဲ လာမည့် မေလ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ