နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mobvoi က TicWatch Pro 3 GPS စမတ်နာရီကို ကြေညာ

စက်တင်ဘာ   ၂၇


Mobvoi က TicWatch Pro 3 GPS စမတ်နာရီသစ်ကို ကြေညာလာသည်။ အဆိုပါ စမတ်နာရီမှာ Dual-Layer Display 2.0 သုံးထားသလို AMOLED လည်း သုံးထားသည်။ ပါဝါသုံးစွဲမှုနည်းပါးသည့် TN Screen ပါဝင်ကာ အချိန်၊ နေ့စွဲ၊ ခြေလှမ်းနှင့် အားကစားလှုပ်ရှားမှုပြုလုပ်ချိန်မှာ အခြေခံအချက်အလက်များကို ပြသ ပေးမည်ဖြစ်သည်။

အဆိုပါ စမတ်နာရီသစ်မှာ ယခင်ဗားရှင်းထက် ပိုကောင်းအောင် အားစိုက်လုပ်ဆောင်လာပြီး အကြီးမားဆုံးအပြောင်းအလဲက Snapdragon Wear 4100 အသုံးပြုလာခြင်းဖြစ်သည်။ TicWatch Pro 3 GPS က Snapdragon Wear 4100 အသုံးပြုထားသည့် ပထမဆုံး စမတ်နာရီလည်းဖြစ်သည်။

TicWatch Pro 3 GPS စမတ်နာရီမှာ TicOxygen ၊ TicBreathe ၊ TicHearing တို့ပါဝင်ပြီး နှလုံးခုန်နှုန်း၊ သွေးထဲအောက်ဆီဂျင်ရှိမှု၊ အိပ်ချိန်၊ စိတ်ဖိစီးမှုတို့ကို တိုင်းတာမှုပြုလုပ်နိုင်သည်။ Smart Mode သုံးမည်ဆိုပါ က ၇၂ နာရီ အသုံးခံပြီး Enhanced Essential Mode သုံးမည်ဆိုပါက ၄၅ ရက်အထိ အသုံးခံကြောင်း ဆိုထား သည်။

TicWatch Pro 3 ကို ဈေးနှုန်းအနေဖြင့် ၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အောက်တိုဘာ ၅ ရက်တွင် Amazon မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ