နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Microsoft က ဒေါ်လာ ၇ ဒသမ ၅ ဘီလျံဖြင့်ဝယ်ယူခဲ့သည့် ဂိမ်းကုမ္ပဏီ ZeniMax

စက်တင်ဘာ   ၂၇


Microsoft က ZeniMax Media ကို ဒေါ်လာ ၇ ဒသမ ၅ ဘီလျံပေးပြီး ဝယ်ယူလိုက်ကြောင်း ယင်း၏ ကြေညာချက်ကို ကိုးကားပြီး CNET သတင်းဖော်ပြထားသည်။ ZeniMax Media သည် ဂိမ်းလောကတွင် ထိပ်တန်းရောက် ဂိမ်း developer များဖြစ်သည့် Bethesda Softworks နှင့် Id Software တို့ အပါအဝင် Game Developer လုပ်ငန်းအများအပြားကို ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

အဆိုပါ လုပ်ငန်းများထဲမှ Bethesda Softworks သည် Fallout ၊ The Elder Scrolls ၊ Doom တို့ကဲ့သို့ ဂိမ်းများရေးဆွဲထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ZeniMax သည် မေရီလန်းပြည်နယ် ရော့ခ်ဗီးလ်တွင် အခြေစိုက်ပြီး ကမ္ဘာတစ်လွှား၌ အခြားစတူဒီယိုများလည်း ပိုင်ဆိုင်ထားသည်။ 

Microsoft ၏ ထုတ်ပြန်ချက်အရ ZeniMax သည် ကမ္ဘာအရပ်ရပ်တွင် ဝန်ထမ်းပေါင်း ၂၃၀၀ ရှိပြီး ပုဂ္ဂလိကပိုင် အကြီးဆုံးဂိမ်းကုမ္ပဏီများထဲက တစ်ခုဖြစ်သည်။ နောက်ဆုံးထွက်ရှိထားသည့် The Elder Scrolls စီးရီးသည် အချပ်ရေသန်း ၂၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံးဂိမ်းစာရင်းဝင်ထားသည်။

"Bethesda ကို ဝယ်ယူမှုနဲ့အတူ ကျွန်တော်တို့ရဲ့ Gaming Content ထုတ်လုပ်စွမ်းအားကို နှစ်ဆ မြှင့်တင်သွားမှာပါ။" ဟု Microsoft ၏ အမှုဆောင်အရာရှိချုပ် ဆတ္တယာနာဒဲလ်ာက အင်တာဗျူးတစ်ခုတွင် ပြောထားသည်။ Microsoft သည် Game creators သစ်များကို ဝယ်ယူမှုပြုလုပ်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် Minecraft ကို ဒေါ်လာ ၂.၅ ဘီလျံ သုံးစွဲပြီး ဝယ်ယူခဲ့သကဲ့သို့ ၂၀၁၈ တွင် ဂိမ်းစတူဒီယို ၆ ခုနှင့် ပြီးခဲ့သည့်နှစ်ထဲတွင် ၁ ခု ဝယ်ယူခဲ့သေးသည်။ 

ပြီးခဲ့သည့်အပတ်က TikTok ကို ဝယ်ယူရန်ကြိုးစားခဲ့သော်လည်း ပယ်ချခံရပြီးနောက် Microsoft သည် ZeniMax ကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။ Microsoft သည် လာမည့် နိုဝင်ဘာလထဲတွင် မျိုးဆက်သစ် Xbox consoles စက်များ ဖြန့်ချိသွားရန် စီစဉ်လျက်ရှိနေသည်။                                                               

 (WP)






အခြားဆက်စပ်သတင်းများ