နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ရန် အေမီကိုနီဘာရက်ကို ဒေါ်နယ်ထရမ့် ရွေးချယ်

စက်တင်ဘာ ၂၇၊ ဝါရှင်တန်


ဆိုရှယ်ကွန်ဆာဗေးတစ်များကြား ရေပန်းစားသူ အေမီကိုနီဘာရက်ကို အထက်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ခဲ့သည်။ အေမီကိုနီဘာရက်မှာ တုနှိုင်းမရ အောင်မြင်မှုများရရှိခဲ့သည့် အမျိုးသမီးဖြစ်ကြောင်း အိမ်ဖြူတော်၏ နှင်းဆီဥယျာဉ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ချီးကျူးခဲ့သည်။ 

အထက်လွှတ်တော်အမတ်များက အတည်ပြုပါက အေမီကိုနီဘာရက်အနေဖြင့် ကွယ်လွန်သွားခဲ့ သည့်အထက်တရားရုံးချုပ် တရားသူကြီး ဂျင်စဘတ်၏နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်ခွင့်ရရှိ မည်ဖြစ်သည်။ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်လာချိန်တွင် အေမီကိုနီဘာရက်ကို ရွေးချယ်ခဲ့ခြင်းကြောင့် အထက်လွှတ်တော်တွင် အတည်ပြုရေးအတွက် အကြိတ်အနယ် ဖြစ်လာဖွယ်ရှိသည်။ အမေရိကန်ပြည်သူများအနေဖြင့် သမ္မတနှင့်လွှတ်တော်ကို မရွေးချယ်ရသေးမီအချိန်အတွင်း လစ်လပ်နေ သည့် အထက်တရားရုံးချုပ်၏ တရားသူကြီးနေရာကို အစားထိုးခန့်အပ်ခြင်းမပြုရန် ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က အထက်လွှတ်တော်ထံ တိုက်တွန်းထားသည်။ အထက်လွှတ်တော်က တရားသူကြီး အေမီကိုနီဘာရက်ကို အတည်ပြုပါက အထက်တရားရုံးချုပ်တွင် ကွန်ဆာဗေးတစ်ဘက် တိမ်းညွှတ်သည့် တရားသူကြီး ၆ ဦး ရှိလာပြီး လစ်ဘရယ်ဝါဒရှိသည့် တရားသူကြီး ၃ ဦးသာ ကျန်ရှိတော့ မည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ