နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆင့်(၃) စမ်းသပ်မှုလုပ်နေသည့် COVID-19 ကာကွယ်ဆေး ၁၀ မျိုးအထိ ရှိလာ

စက်တင်ဘာ ၂၇၊ မော်စကို


COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၃၂ သန်းကျော်ရှိပြီး သေဆုံးသူ တစ်သန်းနီးပါး ရှိလာခဲ့သည်။ ကမ္ဘာ့နိုင်ငံများက COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် တက်သုတ်ရိုက် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါး ၁၀ မျိုးအထိ ရှိလာခဲ့သည်။ အဆိုပါဆေးဝါး(၁၀)မျိုးတွင် တရုတ်နိုင်ငံမှ ဆေးဝါး(၄)မျိုး၊ ရုရှားနိုင်ငံမှ ဆေးဝါးတစ်မျိုးပါဝင်ပြီး ယင်းဆေးဝါးများအကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။ 

စမ်းသပ်ထိုးနှံမှု အဆင့်(၃)တွင် ယခုနောက်ဆုံးပါဝင်လာသည့်ဆေးဝါးမှာ အမေရိကန်ကုမ္ပဏီ Novavax က ‌ဖော်စပ်ထားသည့်ဆေးဝါးဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် လာမယ့်လမှစတင်၍ အမေရိကန်နိုင်ငံတွင် စမ်းသပ်ထိုးနှံမှုများ ပြုလုပ်မည်ဖြစ်သည်။ Novavax ကုမ္ပဏီမှာ ဗြိတိန်နိုင်ငံတွင် လူ ၁၀၀၀၀ ကို စမ်းသပ်ထိုးနှံရန် စီစဉ်ထားသည်ဟု ဆိုသည်။ Novavax ကုမ္ပဏီ၏ ဆေးဝါး အောင်မြင်ခဲ့ပါက အိန္ဒိယနိုင်ငံ ပူနီမြို့အခြေစိုက် Serum Institute of India ကုမ္ပဏီကလည်း အိန္ဒိယနိုင်ငံနှင့် အခြားဝင်ငွေနည်း၊ ဝင်ငွေအလယ်အလတ်ရှိသည့် ဈေးကွက်များသို့ ထုတ်လုပ်၊ ဖြန့်ဖြူးရန် Novavax ကုမ္ပဏီနှင့် သဘောတူညီမှု ရယူထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ