နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုးလ်ရှားတောင်းတနေတဲ့ ဆန်ချိုကို အရခေါ်ပေးမယ်လို့ မန်ယူဘုတ်အဖွဲ့ ကတိပေး

စက်တင်ဘာ  ၂၇


လက်ရှိအပြောင်းအရွှေ့ကာလကလည်း ရက်ပိုင်းမျှသာ လိုပါတော့တယ်။ မန်ယူတို့ရဲ့ ဆန်ချို ခေါ်ယူရေး       ဇာတ်လမ်းကလည်းဆုံးခန်းမတိုင်နိုင်သေးပါ။ နည်းပြဆိုးလ်ရှားကလည်းဆန်ချိုမှ ဆန်ချိုဖြစ်နေပါတယ်။ ခုဆိုရင် ပရိသတ်တွေကပါ တောင်းဆိုလာပါတယ်။ ဒါကြောင့် မန်ယူတို့ ဆန်ချိုခေါ်ယူရေး ဇာတ်ရှိန်မြှင့်လိုက် ပါပြီ။ ပိုကြိုးပမ်းလာပါပြီလို့ သတင်းဌာနတွေကလည်း ဖော်ပြလာကြပါတယ်။ မန်ယူဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူထားတာက ကြာပါပြီ။ ဒါပေမယ့် ဒေါ့မွန်အသင်းထံ တရားဝင်ကမ်းလှမ်းမှု မလုပ်ရသေးဘူးလို့ သိရပါတယ်။ နည်းပြ ဆိုးလ်ရှားက ဆန်ချိုကို အမြန်ဆုံးခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူ တွေထံ တောင်းဆိုခဲ့ပါတယ်။ ခုတော့ မန်ယူဘုတ်အဖွဲ့က ဆန်ချို မန်ယူထံရောက်လာစေရမယ်လို့ ကတိတွေ ပေးပြောကြားလာကြပါပြီ။ မန်ယူဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းထံ မကြာခင်ကပဲ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း+ အပိုဆုကြေး ၁၅ သန်း စုစုပေါင်း ပေါင် ၉၀ သန်းနဲ့ ကမ်းလှမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ဒီအေခြအနေကို ဒေါ့မွန်အသင်းအနေနဲ့ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကိုပဲ ဆုံးဖြတ်အဖြေပေး ရမှာဖြစ်ပါတယ်။ Sky Sports သတင်းဌာနကတော့ မကြာခင်မှာ ဆန်ချိုဟာ မန်ယူအသင်းသားသစ် ဖြစ်လာမယ်လို့ ဆိုကြပါတယ်။ မန်ယူပေးတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၉၀ သန်းဟာ ဒေါ့မွန်လိုချင်နေတဲ့ ယူရို ၁၀၀ သန်းနဲ့ဆို သိပ်မကွာတော့ပါဘူး။ ဒါကြောင့် ပေါင် ၉၀ သန်းကို လက်ခံလိမ့်မယ်လို့ ဆိုကြပါတယ်။ ဒေါ့မွန်ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ယူရို ၄၀ သန်း အရှုံးပေါ်ခဲ့ပါတယ်။ ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုခေါ်ခဲ့တာတွေကြောင့် ငွေကြေးလိုအပ်ချက်တွရှိနေပါတယ်။ ဒါကြောင့် ဆန်ချိုကို မဖြစ်မနေရောင်းချရမှာပါ။ မန်ယူရဲ့ကမ်းလှမ်းမှုကို လက်ခံသွားပါလိမ့်မယ်။                  

 (SO)






အခြားဆက်စပ်သတင်းများ