စက်တင်ဘာ ၂၇
စပိန်တင်းနစ်ကစားသမား ဖာနန်ဒိုဗာဒက်စ်ကိုက ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် ဆေးစစ်မှုခံယူခဲ့ရာ COVID-19 ရောဂါ Positive ထွက်ပေါ်ခဲ့သောကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
အသက် ၃၆ နှစ်အရွယ်ရှိ ဖာနန်ဒိုဗာဒက်စ်ကိုသည် တင်းနစ်ကစားသမားဘဝမှ အနားမယူမီ ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော်လည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့အဆင့် ၁၀ အတွင်း ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သည့် ဖာနန်ဒိုဗာဒက်စ်ကိုသည် ကစားသမားဘဝသက်တမ်းတစ်လျှောက် ဂရင်းစလန်းပြိုင်ပွဲအမျိုးအစားတွင် (၆၇)ကြိမ်ထိ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့်ကစားသမားဖြစ်သည်။ ယင်းသည် COVID-19 ရောဂါ ကူးစက်ခံထားရ သော်လည်း ရောဂါလက္ခဏာပြသခြင်းမရှိပေ။ လက်ရှိအချိန်တွင် ဖာနန်ဒိုဗာဒက်စ်ကိုအနေဖြင့် Self-isolation ပြုလုပ်သွားမည်ဖြစ်ပြီး Negative အဖြေထွက်ပေါ်သည် အထိ ကျန်းမာရေးစောင့်ရှောက်မှုခံယူသွားရမည်ဖြစ်သည်။
(သူရိန်)