နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖြစ်လည်းဖြစ်နိုင်၊ မဖြစ်လည်းမဖြစ်နိုင်တဲ့ ဝုဗ်အသင်းရဲ့ သတင်းတစ်ပုဒ်

စက်တင်ဘာ  ၂၇


ဝုဗ်အသင်းဟာ ပေါ်တူဂီနည်းပြ ဆန်းတို့စ်ရဲ့ ဦးဆောင်မှုနဲ့အတူ အေးဂျင့် ဂျော့မန်ဒက်ရဲ့ ရှယ်ယာတွေ ပါဝင်ကာ အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပါတယ်။ သိသာထင်ရှားတဲ့လုပ်ဆောင်မှုတွေကတော့ ဒီရက်ပိုင်း နိုင်ငံတကာ Twitter အသုံးပြုသူတွေကြားမှာ အပြောများလာတဲ့ သတင်းတစ်ပုဒ်ကတော့ ဝုဗ်အသင်းရဲ့ ပေါ်တူဂီအင်ပါယာထူထောင်မှုပါ။ နည်းပြကလည်း ပေါ်တူဂီဖြစ်ကာ ပေါ်တူဂီကစားသမားတွေခေါ်ယူမှုဟာ လည်း သွက်လက်မြန်ဆန်နေတာတွေ တွေ့လာရပါတယ်။ နောက်ဆုံးခေါ်ယူထားတာကတော့ ဘာစီလိုနာ အသင်း ညာနောက်ခံလူ ဆီမီဒိုကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိ ဝုဗ်အသင်း လူစာရင်းမှာ ပေါ်တူဂီကစားသမား ၁၀ ဦးထိရှိလာခဲ့ပါပြီ။ ဒါတင်မကသေးဘဲ အသင်းရဲ့ အဝေးကွင်းဝတ်စုံကိုတောင် ပေါ်တူဂီ အသင်းနဲ့ အတော်လေးဆင်တူအောင် လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ခုဆိုရင် ပရိသတ် တော်တော် များများကတောင် ကမ္ဘာကျော်ကစားသမား ရော်နယ်ဒိုကိုပါ အသင်းကို ခေါ်လိုက်ပါတော့ဆိုပြီး နောက်ပြောင် နေကြပါသေးတယ်။ 

“ရော်နယ်ဒိုကို ခေါ်လိုက်ပါတော့။ ဒါမှ ၁၁ ယောက်လုံး ပေါ်တူဂီအသင်းဖြစ်မှာ” “မန်ဒက်စ်ရေ ခင်ဗျား အသင်းမှာ ရော်နယ်ဒိုကို လာကစားခိုင်းလိုက်ပါတော့” “ရော်နယ်ဒို ကစားချင်ဆုံးအသင်း” စတဲ့ မှတ်ချက်တွေနဲ့ နောက်ပြောင်နေကြပါတယ်။ အဲဒီတော့ ဝုဗ်အသင်းကို ရော်နယ်ဒို ရောက်လာနိုင်မလား၊ မလာနိုင်ဘူးလား။ ဒီကိစ္စ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။


(SO)






အခြားဆက်စပ်သတင်းများ