နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းဖော်ဟောင်းနဲ့ ပြန်လည်တွဲဖက်ကစားရတော့မယ့် မိုရာတာ

စက်တင်ဘာ  ၂၇


တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာရှိစဉ်က ရော်နယ်ဒိုနဲ့ တွဲဖက် ကစားခဲ့တဲ့သူပါ။ မိုရာတာဟာ ရီးရဲလ်ကနေ အက်−တီကို ပြောင်းရွှေ့ကစားခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်ဆီ ပြန်လည်ရောက်ရှိလာခြင်းနဲ့အတူ အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့လည်း ပြန်လည်တွဲဖက်ကစားရဦးမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် စပိန်လက်ရွေးစင်တိုက်စစ်ကစားသမားဟာအက်−တီကိုကနေ ဂျူဗင်ဆီကို ယူရို ၁၀ သန်းနဲ့ တစ်နှစ် အငှားစာချုပ်ချုပ် ပြောင်းလာကာ အပြီးသတ် ခေါ်ယူချင်တော့ နောက်ထပ် ယူရို ၃၅ သန်းပေးချေသွားရမှာပါ။ မိုရာတာဟာ အရင်က ဂျူဗင်မှာကစားရင်း အောင်မြင်မှုတွေရခဲ့တဲ့ တိုက်စစ်ကစားသမားပါ။ 

မိုရာတာက “ဒီအသင်းကိုပြန်လည်ရောက်ရှိလာရတာက ကျွန်တော့်အတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ။ ဒီအသင်းကနေထွက်ခွာတုန်းက ကျွန်တော့်အတွက် တကယ့်ကို မလွယ်ခဲ့ပါဘူး။ မက်ဒရစ်မှာ ကျွန်တော် နေပျော်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဒီနေရာမှာရှိနေဖို့က ပိုအရေးကြီးပါတယ်။ အရင်ဂျူဗင်တပ်မှာ ရှိခဲ့စဉ်က အမှတ်တရကောင်းတွေဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ဖလားက အရေးအကြီးဆုံးပါ။ တကယ်လို့ ဒီဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်က ကမ္ဘာမှာ အပျော်ဆုံး လူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး ဒီဖလားကြီးကို အလိုရှိနေကြပါတယ်။ ကျွန်တော် ရော်နယ်ဒိုနဲ့ အရမ်းရင်းနှီးပါတယ်။ ကျွန်တော်ရောက်လာလို့လည်း သူလည်း ပျော်နေပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က ပြန်မဆုံခင်ကတည်းက စကားတွေအများကြီးပြောခဲ့ကြပါတယ်။ ကျွန်တော် သူနဲ့ တွဲဖက်ကစားရဖို့ အရမ်းကိုစိတ်လှုပ်ရှားနေပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။ 

လက်ရှိ ဂျူဗင်တပ်ရဲ့တိုက်စစ်မှာ ရော်နယ်ဒို၊ မိုရာတာ၊ ဒီဘားလားတို့ သုံးဦးနဲ့ အတောင့်တင်းဆုံးပုံစံရှိလို့ နေပါပြီ။ ပြိုင်ဘက်အသင်းတွေရဲ့ခံစစ်တွေကို ဘယ်လိုထိုးဖောက်မလဲ၊ ဘယ်လောက်အန္တရာယ်ပေးနိုင်မလဲဆိုတာတွေ စောင့်ကြည့်သွားရမှာပါ။                                  

(SO)






အခြားဆက်စပ်သတင်းများ