နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့က စီစဉ် ကျင်းပသော ရွှေတိဂုံစေတီတော် ကြီး၏ (၅၇၇) ကြိမ်မြောက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ နှင့် အလှူရှင်များအား ထုတိ အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၃ ရက်၊ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင်တော် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဒေါက်တာ ရဲအောင်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ရွာမပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ အခမ်းအနားတက်ရောက်လာကြသူများ က ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။ ယနေ့ပြုလုပ်သော အလှူတော်ငွေပေးအပ်ပွဲ လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၁၁ ဦးက ရွှေပြားအချပ်ရေ ၁၄၂ ချပ် ရင်ပြင်တော်အခင်း ကျောက်ပြားအတွက် အလှူရှင်များက ကျောက်ပြားအချပ်ရေ ၅၇၆၂၆ ချပ်၊ လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၃၀ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်းကျပ် ၁၅၄၀၁၅၂၉၀ ဖြစ်ကြောင်း သိရသည်။ . အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ