နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှု

လားရှိုး ဧပြီ ၂၅ ဧပြီ ၂၄ ရက်၊ နံနက် ၉ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်ကျန်ကျွတ်ကျေးရွာနေ ဒေါ်ရန်ရှန်းလျန်(၅၇)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် 88/1 စာတမ်းပါ စိတ်ကြွဆေးပြား ၁၀၀၀ ပြား၊ ကော်ဘူးအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၀၇ ကီလိုနှင့် ငွေ ၁၀၀,၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် ဒေါ်ရန်ရှန်းလျန်(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ