နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွံတေးမြို့နယ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဓာတ်အားပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ  ၂၈

ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ် တာဝန်ရှိသူများ၊တောင်ပိုင်း ခရိုင် လျှပ်စစ်မန်နေဂျာနှင့် လျှပ်စစ်အင်ဂျင်နီယာတို့နှင့် အတူ ဧပြီ ၂၆ ရက်က လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ရွာအနီးတွင် တည် ဆောက်ပြီးစီးသည့် 33/ 11 kV, (30+30) MVA ဓာတ်အားခွဲရုံ Control Building အဆောက် အဦကို ကြည့်ရှုစစ်ဆေးပြီး လှိုင်သာယာစက်မှုဇုန်များသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင် ရေးလုပ်ငန်းအစီအစဉ်များကို ဆွေးနွေးမှာကြားသည်။(ပုံ)

ဆက်လက်၍ တွံတေးမြို့ နယ်၊ တလုတ္တော်ကျေးရွာအနီးရှိ မွေးမြူရေးဇုန်33/11 kV,(30+30) 5MVA ဓာတ်အားခွဲရုံတည်ဆောက် မည့် မြေနေရာတွင် မြေညှိခြင်း လုပ်ငန်းနှင့် 33 kV ဓာတ်အား လိုင်းနှင့် 11 kV ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှုအခြေ အနေများ၊ မွေးမြူရေးဇုန်အတွင်း 33 kV နှင့် 11 kV ဓာတ်အား လိုင်းအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် တွံတေးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် ဝန် ထမ်းများအားတွေ့ဆုံမှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တွံတေးမြို့နယ် သို့ ဓာတ်အားဖြန့်ဖြူးပေးထား သည့် 33 kV မူးလမန်းဓာတ်အား ခွဲရုံနှင့် ကန်ရွာဓာတ်အားခွဲရုံများ ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ သည်  ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်လမ်း တိုးချဲ့ရာတွင် မလွတ်ကင်းသည့် 33 kV နှင့် 11 kV ဓာတ်အားလိုင်းများကို အမြန်ပြောင်းရွှေ့ရေး၊ဓာတ်အား လိုင်းအောက်ရှိ ကျူးကျော် အဆောက်အဦများ ရှင်းလင်း နိုင်ရေး၊ တက္ကသိုလ်ပင်မဆောင် ၂၄ နာရီဓာတ်အားရရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။     






ချစ်ဆောင်(YESC)






အခြားဆက်စပ်သတင်းများ