နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီလဝါဆိပ်ကမ်း ဥပစာလမ်းလေးလမ်းသွား လမ်းသစ်ဖွင့်လှစ်

ရန်ကုန် ဧပြီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်း ဥပစာလမ်း လေးလမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲက သန်လျင်မြို့နယ် ဒဂုံ-သီလဝါလမ်းဆုံ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန် ကြားရေးမှူး ဦးနီအောင်နှင့် တာဝန်ရှိသူများ၊ သီလဝါဆိပ်ခံတံတား များမှ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နိုင်ငံတကာ ကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့် ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊                      ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ပံပိုးကူညီဆောင်ရွက်ပေး မှု၊ သီလဝါဆိပ်ကမ်းတံတားလုပ်ငန်းရှင်များ၏ အချိုးကျငွေကြေး ထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်း ဥပစာလမ်း၊ လေးလမ်းသွား လမ်းသစ်ကြီးကို သတ်မှတ်ကာလ အချိန်တိုအတွင်းအောင်မြင်စွာ တိုးချဲ့ ဖောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုတန်ဘိုး၏ ၇၅ ရာခိုင်နှုန်းကို ပင်လယ်ရေ ကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဆိပ်ကမ်းဧရိယာများ သို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဓိက ထားကာကုန်သွယ်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းက စ၍ နိုင်ငံတကာ ကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည် နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာတွင် ပို့ကုန်တင်ပို့ခြင်းနှင့်သွင်း ကုန်ထုတ်ယူခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန် သွက်လက်စွာချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ ကို ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ထို့ပြင် ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှု ပမာဏများပြားလာပြီး သီလဝါ ဧရိယာရှိ စက်သုံးဆီ ဆိပ်ကမ်းတံတားများကို ပုဂ္ဂလိက သို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီ တင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် ယခင် နှစ်လမ်းသွားလမ်းသည် မကြာခဏ ပိတ်ဆို့မှုများဖြစ်လာသဖြင့် ယခုကဲ့သို့ သီလဝါ ဆိပ်ကမ်း၊ ဥပစာလမ်းကို လမ်းလယ်ကျွန်း ပါ လေးလမ်းသွားလမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက် လုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် လမ်းသစ်ကြီးသည်သီလဝါ ဆိပ်ကမ်းကို ကုန်းတွင်းဆက်သွယ်မှု (Multimodal Transport) အခန်းကဏ္ဍကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်၍ အနာဂတ် တွင် နိုင်ငံ၏ကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့် အမျှ ယခင်ကဲ့သို့( Hinterland Connectivity)  ပိုမိုကောင်းမွန် လာစေသကဲ့သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး ယာဉ်ကြောပိတ်ဆို့မှု (Congestion)များ ထပ်မံမဖြစ်ပွားစေရေးအတွက်လည်း ခေတ်မီနည်း ပညာနှင့်တီထွင်ဆန်းသစ်မှုများ (Technology and Innovation)ကို အသုံးချပြီး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အစီအစဉ်အရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက လမ်းသစ်ဖောက်လုပ်ခဲ့သည့် အခြေ အနေများကို ရှင်းလင်းတင်ပြကာ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းစဉ် များနှင့် လမ်းသစ်ဖောက်လုပ်ခြင်း မှတ်တမ်းဗီဒီယိုပြသပြီး Wilmar Myanmar Terminal ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

ဆက်လက်၍ ဦးဆောင်ညွှန်ကြားရေးမှူးက လမ်းသစ်ဖွင့်လှစ် ခြင်း အထိမ်းအမှတ်လက်ဆောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအား ပေးအပ်သည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်၍ လမ်းသစ်ကြီးကို ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများ က သီလဝါဥပစာလမ်း၊ လေးလမ်းသွား လမ်းသစ်ကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ယနေ့ဖွင့်လှစ်သည့် လေးလမ်းသွား လမ်းသစ်သည် (၅)မိုင်(၂)ဖာလုံ ရှည်လျားပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်း လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ စုစုပေါင်းကျပ် ၂၈ ဒသမ ၃၅ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း၊ လေးလမ်းသွား မြေသား တာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင်ဖောက်လုပ် ပေးခဲ့သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အချိန်တိုအတွင်းအဆင့် မြှင့်တင် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် သီလဝါဆိပ် ကမ်းဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင် ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည် စီးဆင်းမှုများလည်း ယခင်ကထက် အချိန်ကုန်သက်သာပြီး ဘေး အန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ဆောင် ပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

                       






သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ