နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးညှင်း ဧပြီ ၂၅ ဧပြီ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မီးလောင်ကျေးရွာ၊ သင်္ချိုင်းအနီး အောင်မင်းဦးမောင်းနှင်ပြီး မသန်းထွေးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် ခွကြားရှိ ခြင်းတောင်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၆ ပြားအား သိမ်းဆည်း ရမိခဲ့ပါသည်။ ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် အင်းတော်ကြီးဒေသ၊ လွဲမွန် ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာနေ မသန်းညွန့်၏နေအိမ်အားရှာဖွေရာ နေအိမ်အနောက်ဘက် ခြုံပုတ်အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အောင်မင်းဦး(၂၄)နှစ်၊ မသန်းထွေး(၄၆)နှစ်နှင့် မသန်းညွန့်(၄၂) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ