နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးမောက်မြို့နယ်တွင် ငှက်ပျောသီးတင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးထိုးကျမှုဖြစ်ပွား

မိုးမောက် ဧပြီ ၂၅ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငှက်ပျောသီးတင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီခန့်က သုံးမိုင်ကွက်သစ်၊ ဗန်းမော်မြို့နေသူ မောင်းနှင်လာသည့် KCN-2B/---- (၁၂)ဘီး မော်တော်ယာဉ်သည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအထွက်ဗန်းမော်-မိုးမောက် - လွယ်ဂျယ်သွား ကားလမ်း၊ မိုင်တိုင်အမှတ်(5KM)၊ ခန့်မှန်းမြေပုံအညွှန်း (LG-375812)နေရာအရောက်၌ ဘရိတ်ပေါက်ပြီး ပေ ၈၀ ခန့်အနက်ရှိသော လမ်းအောက်သို့ ပြုတ်ကျခဲ့ပြီး ယင်းမော်တော်ယာဉ် ဦးခေါင်းပိုင်းနှင့် ကိုယ်ထည်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုးမောက်မြို့မရဲစခန်းက အမှုဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ