နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးသမ္မတက နိုင်ငံရေးကြားဝင်စွက်ဖက်သည်ဟု စွပ်စွဲပြီး တရားရေးဝန်ကြီးက ဘရာဇီးအစိုးရအဖွဲ့မှ နုတ်ထွက်

ဧပြီ ၂၅၊ ဘရာစီလီယာ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက နိုင်ငံရေးကြားဝင်စွက်ဖက်မှုများလုပ်သည်ဟု စွပ်စွဲခဲ့ပြီးနောက် ဘရာဇီး နိုင်ငံ၏ တရားရေးဝန်ကြီးက ဘရာဇီးအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ဘရာဇီးတရားရေးဝန်ကြီး ဆာဂျီယိုမိုရိုမှာ တရားသူကြီးဟောင်းတစ်ဦးဖြစ်ပြီး ဘရာဇီးနိုင်ငံ၏ အကြီးမားဆုံး အကျင့်ပျက်ခြစားမှု စစ်ဆေးမှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပြည်ထောင်စုရဲမှူးချုပ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဆာဂျီယိုမိုရိုက တရားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ယင်း၏မဟာမိတ်ဖြစ်သည့် ပြည်ထောင်စုရဲမှူးချုပ် ဗာလိုင်ဇိုကို ရာထူးမှ ထုတ်ပယ်ပါက ယင်းကိုယ်တိုင်လည်း ရာထူးမှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဆာဂျီယိုမိုရိုက ခြိမ်းခြောက် ခဲ့သည်။ ဗာလိုင်ဇိုကို ရာထူးမှ ထုတ်ပယ်ပါက ယင်း၏နေရာတွင် အစားထိုးမည့်သူကို ရွေးချယ်ခွင့်ပေးရမည်ဟု ဆာဂျီယိုမိုရိုက ဆိုခဲ့သည်။ ထောက်လှမ်းရေးသတင်းအချက်အလက်များကို ယင်းထံသို့ တိုက်ရိုက်အစီရင်ခံရမည်ဟု ဘော်ဆိုနာရိုက တောင်းဆိုခဲ့ကြောင်း ဆာဂျီယိုမိုရိုက ဆိုသည်။ သို့သော် အဆိုပါပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း ဘော်ဆိုနာရိုက ပြောသည်။ သို့သော် သမ္မတအပေါ် ဆာဂျီယိုမိုရို၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ခွင့်ပြုရန် ဘရာဇီးနိုင်ငံ အစိုးရရှေ့နေ အော်ဂတ်စတိုအာရက်စ်က အထက်တရားရုံးချုပ်ကို တောင်းဆိုထားသည်။ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုမှာ ယခုလအစောပိုင်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် တုံ့ပြန် လှုပ်ရှားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး မန်ဒက်တာကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ