နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါနိုင်ငံ၏ အစုလိုက်အပြုံလိုက် လူသတ်မှုတွင် ပထမဆုံး ပစ်ခတ်ခံရသူမှာ သေနတ်သမား၏ ချစ်သူဖြစ်

ဧပြီ ၂၅၊ အော့တဝါ ကနေဒါနိုင်ငံ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွင် သေနတ်သမား၏ ပစ်ခတ်မှုကို အရင်ဆုံး ခံခဲ့ရသူမှာ ယင်း၏ချစ်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဧပြီလ ၁၈ ရက်က နိုဗာစကော့တီယာပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုမှာ ၁၂ နာရီ ကြာမြင့်ခဲ့ပြီး သေနတ်သမား ဂါဘရီယယ်ဝေါ့မန်း၏ လက်ချက်ကြောင့် လူ ၂၂ ဦး သေဆုံးခဲ့သည်။ သေဆုံးသူ အများအပြားမှာ ဂါဘရီယယ်ဝေါ့မန်းနှင့် သိကျွမ်းသူများဖြစ်သည်။ သို့သော် သူစိမ်းများ၊ ပစ်ခတ်မှုကို ကြားဝင်ဟန့်တား ကူညီပေးရန် ကြိုးပမ်းခဲ့သည့် တာဝန်သိပြည်သူများလည်း သေဆုံးခဲ့သည်။ ဂါဘရီယယ်ဝေါ့မန်း၏ ပစ်ခတ်မှုခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ယင်း၏ ချစ်သူမှာ တောအုပ်ထဲတွင် ညလုံးပေါက် ပုန်းအောင်းနေခဲ့ပြီး ယခုအခါတွင် စုံစမ်းစစ်ဆေးမှုအတွက် အဓိက မျက်မြင်သက်သေအဖြစ် ပါဝင်နေသည်။ ဂါဘရီယယ်ဝေါ့မန်းက ရဲဝတ်စုံ ဝတ်ထားပြီး ပစ်ခတ်တိုက်ခိုက် နေချိန်အတွင်း ရဲကားနှင့် ချွတ်စွပ်ထားသည့် ကားတစ်စီးကို မောင်းနှင်ခဲ့ခြင်းကြောင့် လူအများအတွက် ရောထွေးစရာဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ သို့သော် ဂါဘရီယယ်ဝေါ့မန်းက ယခုကဲ့သို့ တိုက်ခိုက် ခဲ့ရသည့် အကြောင်းရင်း၊ ပစ်ခတ်တိုက်ခိုက်ရန် မည်မျှအထိ ကြိုတင်ပြင်ဆင်ထားသည်ဆိုခြင်းကို မဆုံးဖြတ် နိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဂါဘရီယယ်ဝေါ့မန်း၏ လက်နက်အများအပြားမှာ အမေရိကန်နိုင်ငံမှ တရားမဝင် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်နေသည်။ ဧပြီလ ၁၉ ရက်က ဓာတ်ဆီဆိုင်အနီးတွင် အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဂါဘရီယယ်ဝေါ့မန်းကို အသေဖမ်းဆီးရမိခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ