နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OnePlus 8T စမတ်ဖုန်းကို အောက်တိုဘာ ၁၄ ရက်တွင် မိတ်ဆက်မည်

စက်တင်ဘာ  ၂၁


OnePlus က မကြာမီကာလအတွင်းမှာ OnePlus 8 ကို အဆင့်မြှင့်ထားသည့် T ဗားရှင်းကို ကြေညာလာရန်ရှိ သည်။ ယခုထွက်ပေါ်လာသည့်သတင်းအရ OnePlus 8T ကို အောက်တိုဘာ ၁၄ ရက်တွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

OnePlus 8T မှာ ၆ ဒသမ ၅၅ လက်မ AMOLED 120Hz Refresh Rate ပါဝင်မည်ဖြစ်ပြီး Punch-Hole မှာ ရှေ့ကင်မရာ 32MP ထည့်သွင်းလာမည်ဖြစ်သည်။ Snapdragon 865 SoC ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာ မည်ဖြစ်ပြီး 128GB နှင့် 256GB တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမည်ဖြစ်ပြီး ဘက်ထရီ 4500 mAh အထိ ပါဝင်ကာ 65W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ OnePlus က OnePlus 8T နှင့်အတူ Buds Z TWS ကိုလည်း ကြေညာလာရန်ရှိကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ