နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း၊ ထရန်စဖော်မာများစစ်ဆေးပြုပြင်

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မြောက်ပိုင်း ခရိုင် ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၃ မြို့နယ်တွင် ခရိုင်လျှပ်စစ် မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့၏ စီစဉ်ကြီးကြပ်မှုဖြင့်  ဧပြီ ၂၅ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁နာရီအထိ ယာယီ ဓာတ်အားပိတ်၍ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထရန်စဖော်မာများ စစ်ဆေးပြုပြင်ခြင်းကို ဆောင်ရွက်ကြသည်။

အင်းစိန်မြို့နယ် အောင်မင်္ဂလာလမ်း (ရွာမစက်ရုံမှ BOC လမ်း ဆုံအထိ)၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်း (ဂေါက်သီးလုံးမှ ၁၂ မိုင်ခွဲအထိ)၊ ထောက်ကြန့်မြို့ ပြည်လမ်း (မြို့ရုံးခွဲရုံမှရွှေညောင်ပင်အထိ)၊ ရွှေပြည်သာမြို့နယ် အမှတ် (၄) လမ်းမှ ပြည်လမ်းအထိ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ဗိုလ်အောင်ကျော်လမ်းမှ ကျန်စစ်မင်း ဓာတ်အားခွဲရုံအထိ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် သမကုန်းမှ ဗိုလ်အောင်ကျော်လမ်းအထိ၊ ရွှေလင်ပန်းမြို့တွင် ပိတောက်လမ်း၊ ကျန်စစ်သားလမ်း၊ ဦးဖိုးလှိုင်လမ်းများ တစ်လျှောက်၊ ထန်းတပင်မြို့နယ်တွင် အနောက်ပိုင်းတက္ကသိုလ် လမ်းမကြီးတစ်လျှောက်၊ လှည်းကူးမြို့နယ်တွင် လှော်ကားဓာတ် အားခွဲရုံမှ လှည်းကူး လေးတိုင်စင်အထိနှင့် လှည်းကူး ဓာတ်အား ခွဲရုံမှ စာဘူးတောင်း ဓာတ်အားခွဲရုံအထိ၊ ဒါးပိန်မြို့နယ်တွင် ဒါးပိန်လမ်းခွဲ တစ်လျှောက်နှင့် ရန်ကုန် ပဲခူးလမ်း Recloser ထိပ် အထိ၊ အင်းတိုင်မြို့နယ်တွင် အင်းတိုင် ဓာတ်အားခွဲရုံမှ သံလမ်းဆုံ Recloser ထိပ်အထိ၊ ဖောင်ကြီးမြို့တွင် ကြီးလေးကြီးလမ်းဆုံမှ ဥယျာဉ်ဝအထိ၊ မှော်ဘီမြို့နယ်တွင် လေထီး (၁၆) မှ ဝါးနက်ချောင်း ဓာတ်အားခွဲရုံအထိ ဆောင်ရွက်ကြသည်။

လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြောက်ပိုင်းခရိုင် လျှပ်စစ် မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ၊ အရာထမ်း၊ အမှုထမ်းအင်အား စုစုပေါင်း (၃၁၂) ဦးဖြင့် ဆောင်ရွက် ကြသည်။                                                         






ချစ်ဆောင်(YESC)






အခြားဆက်စပ်သတင်းများ