နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာတေဇမုနိစေတီတော် ကမ်းထိန်းလုပ်ငန်းနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည်၊ ယမန်နေ့မွန်းလွဲပိုင်း က မဟာတေဇမုနိစေတီတော် ကမ်းထိန်းလုပ်ငန်းနှင့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင် သာယာ (အရှေ့ပိုင်း) မြို့နယ် တွင် တိုင်းဒေသကြီး ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်၊ မဟာ တေဇမုနိစေတီတော် ကမ်းထိန်း လုပ်ငန်း၊ ဘိုးပိုင်အခြေပြု သံကူ ကွန်ကရစ် မြေထိန်းနံရံချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ နဂါး ရုံစေတီအနီး ရင်ပြင်တော်ချဲ့ ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး မှု၊ မဟာဗောဓိပင်အနီး ကမ်း ထိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်း အားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများကို ရှင်း လင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေ ပြည်သာတံတားလမ်းနှင့် အနော် ရထာလမ်းဆုံအဝိုင်းမှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ရှေ့ အထိ အဝင်လမ်းကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီအင်ဂျင်နီယာဌာန (လမ်း နှင့်တံတား)က အရှည်၁၈၀၀၀ ပေ၊ အကျယ် ၃၃ ပေ၊ ထု ၉ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး၊ သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့် အညီ အမြန်ပြီးစီးရေး မှာကြား ကာ ထန်းတပင်မြို့နယ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်၍ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅  ပေရှိ ရေကန် တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ရေကန်ပတ်လည် စိမ်းလန်း စိုပြည်စေရေး ဆောင်ရွက်ထား ရှိမှု၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ရေကန်အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ် အား ၄၆ ကီလိုဝပ် ထုတ်လုပ် နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ် အားပေးစနစ်ဖြင့် အလှဆင်ရေ ပန်းသုံးခု မောင်းနှင်နေမှု၊ ရေ ကန်ပတ်လည် မြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု၊ ကန်ပေါင် တွင် လူသွားလမ်းဆောင်ရွက် ပြီးစီးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ၊ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြား ကာ လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုစစ် ဆေးသည်။








ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ