နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ထောင်ထဲတွင် သေဆုံး

ဧပြီ ၂၅၊ ရီယာ့ဒ် အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ထောင်ကျနေသည့် ဆော်ဒီနိုင်ငံ၏ ထိပ်တန်းလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးမှာ အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့ကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောသည်။ ဆော်ဒီနိုင်ငံ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးအဖွဲ့အစည်းကို တည်ထောင်သူ အဗ္ဗဒူလာ အယ်ဟာမစ်မှာ လေဖြန်းသွားပြီးနောက် ကိုမာဝင်ခဲ့သူဖြစ်သည်။ ယင်းကို ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ များက ကာလရှည် တောင်းဆိုခဲ့ကြသည်။ ဆော်ဒီနိုင်ငံမှာ အစိုးရအပေါ် ဆန့်ကျင်သူများကို သည်းမခံခြင်းကြောင့် ဝေဖန်ခံနေရပြီး ယခုဖြစ်ရပ်အပေါ် မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။ အသက် ၆၉ နှစ်ရှိသည့် အဗ္ဗဒူလာအယ်ဟာမစ်နှင့် အခြားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အယ်ကာတာနီတို့မှာ မငြိမ်သက်မှုဖြစ်အောင် လှုံ့ဆော်မှုအပါအဝင် ကျူးလွန်မှုများဖြင့် အပြစ်ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ် ၁၀ နှစ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခံခဲ့ရသည်။ လွန်ခဲ့သည့်ရက်သတ္တ နှစ်ပတ်မှစတင်ပြီး အဗ္ဗဒူလာအယ်ဟာမစ် နာမကျန်းဖြစ်ချိန်တွင် ဆော်ဒီနိုင်ငံ အာဏာပိုင်များက ကောင်းမွန် သည့် ဆေးကုသမှု မလုပ်ပေးခဲ့ကြောင်း ဆော်ဒီနိုင်ငံမှ တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့သည်။ အဗ္ဗဒူလာ အယ်ဟာမစ်မှာ လူ့အခွင့်အရေးတိုက်ပွဲ၏ ပြယုဂ်တစ်ခုဖြစ်သည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် ဆော်ဒီကျောင်းဆရာ အယ်ရာရှိဒ်က ပြောသည်။ အဗ္ဗဒူလာအယ်ဟာမစ်နှင့် အယ်ကာတာနီတို့ စီရင်ချက်ချမှတ် ခံရပြီးနောက် ယင်းတို့ တည်ထောင်ခဲ့သည့် ဆော်ဒီနိုင်ငံ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးအဖွဲ့အစည်း လည်း ပိတ်ခဲ့ရသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ