နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် အထက်တရားရုံးချုပ် တရားသူကြီး ဂျင်စဘတ် ကွယ်လွန်

စက်တင်ဘာ ၁၉၊ ဝါရှင်တန်

အမျိုးသမီးအခွင့်အရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းပေးခဲ့သည့် အမေရိကန်အထက်တရားရုံးချုပ် တရားသူကြီး ဂျင်စဘတ်မှာ ကင်ဆာရောဂါကြောင့် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း အထက်တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ဂျင်စဘတ်သည် ပြီးခဲ့သည့်သောကြာနေ့က သရက်ရွက် ကင်ဆာရောဂါကြောင့် ဝါရှင်တန်ဒီစီမြို့ရှိ ယင်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ဂျင်စဘတ်သည် ယခုနှစ်အစောပိုင်းက ကင်ဆာရောဂါ ပြန်ပေါ်လာခြင်းကြောင့် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံယူခဲ့ရသည်။

ဂျင်စဘတ်မှာ အမေရိကန်နိုင်ငံ၏ လစ်ဘရယ်ဝါဒရှိသူများတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အထက်တရားရုံးချုပ် တရားသူကြီးများအနက် အသက်အကြီးဆုံးဖြစ်သည်။ ဂျင်စဘတ်သည် အထက် တရားရုံးချုပ်တွင် တရားသူကြီးအဖြစ် ဆောင်ရွက်ခွင့်ရသည့် ဒုတိယမြောက် အမျိုးသမီးဖြစ်ပြီး ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဂျင်စဘတ်မှာ အထက်တရားရုံးချုပ်၏ လစ်ဘရယ် တရားသူကြီး လေးဦးအနက် တစ်ဦးဖြစ်ခြင်းကြောင့် ယင်း၏ကျန်းမာရေးအခြေအနေကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြ သည်။

ဂျင်စဘတ်သေဆုံးမှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဆာဗေးတစ် တရားသူကြီး ပိုမိုများပြားလာစေရန် ကြိုးပမ်းနိုင်ခြေ ပိုများလာခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ ဂျင်စဘတ်နေရာတွင် အစားထိုးရန် ကွန်ဆာဗေးတစ်တရားသူကြီးတစ်ဦးကို ရွေးချယ်ဖွယ်ရှိနေကြောင်း အိမ်ဖြူတော်၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ