နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် မိုးသက်မုန်တိုင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်၍ လူရှစ်ဦး သေဆုံး

ဧပြီ ၂၄၊ ဝါရှင်တန် အမေရိကန်နိုင်ငံတောင်ပိုင်း အုတ်ကလာဟိုးမားပြည်နယ်၊ တက္ကဆက်ပြည်နယ်နှင့် လူဝီစီယားနား ပြည်နယ်များတွင် ရာသီဥတုဆိုးရွားမှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ အစောပိုင်းက အဆိုပါဒေသများတွင် မိုးသက်မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများ ကြုံတွေ့ခဲ့ရသည်။ အုတ်ကလာဟိုးမားနှင့် တက္ကဆက်ပြည်နယ်များတွင် အလွန်အန္တရာယ်များသည့် လေဆင်နှာမောင်း များကြောင့် လူငါးဦး သေဆုံးခဲ့ပြီး လူဝီစီယားနားပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး၊ ရေကြီးရေလျှံမှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။ တက္ကဆက်ပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် ဒဏ်ရာရသူ ၃၀ ဦးရှိခဲ့သည်ဟု ဒေသခံမီဒီယာက ဖော်ပြသည်။ မိုးသက်မုန်တိုင်းကျရောက်မည့် လမ်းကြောင်းတွင် လူသန်းပေါင်းများစွာရှိနေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံတောင်ပိုင်းဒေသတစ်ဝန်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြုံတွေ့သည့် နေအိမ် ၁၀၀၀၀၀ ကျော် ရှိခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ