နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူသားကို စတင်စမ်းသပ်ထိုးနှံ

ဧပြီ ၂၄၊ လန်ဒန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဥရောပတိုက်တွင် ပထမဆုံးအကြိမ်အဖြစ် လူသားများကို စမ်းသပ် ထိုးနှံခဲ့သည်။ စမ်းသပ်ထိုးနှံရာတွင် ပါဝင်ရန် စာရင်းပေးထားသူ ၈၀၀ ကျော်ရှိသော်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့က အောက်စဖို့ဒ်တက္ကသိုလ်တွင် စေတနာ့ဝန်ထမ်းနှစ်ဦးကို ကာကွယ်ဆေးထိုးနှံခဲ့သည်။ စေတနာ့ဝန်ထမ်း ၈၀၀ ကျော်အနက် တစ်ဝက်ကို COVID-19 ကာကွယ်ဆေး ထိုးနှံမှာဖြစ်ပြီး ကျန်တစ်ဝက်ကို ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ထိုးနှံမည်ဖြစ်သည်။ COVID-19 ကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်၏ အဖွဲ့တစ်ဖွဲ့က ၃ လကြာ ဖန်တီးခဲ့သည်။ လူဝံများတွင် ဖြစ်ပွားလေ့ရှိသည့် အဒီနိုဗိုင်းရပ်စ်(ရိုးရိုးအဖျားရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်)ကို လူသားများ၏ ခန္ဓာကိုယ်အတွင်း ကြီးထွားမလာစေရန်အတွက် အားနည်းသွားအောင် ပြုပြင်ဖန်တီးပြီး COVID-19 ကာကွယ်ဆေး ဖန်တီးခဲ့ခြင်းဖြစ်သည်။ အဆိုပါကာကွယ်ဆေးကို ထိုးသွင်းလိုက်ရင် ဆဲလ်များက ကိုရိုနာဗိုင်းရပ်စ်တွင် ပါဝင်သည့် ပရိုတိန်းဓာတ် ထုတ်လုပ်မည်ဖြစ်၍ ကိုယ်ခံအားစနစ်က ရောဂါပိုးကူးစက်ခံရသည့် ဆဲလ်များကို သတ်နိုင်ရန် ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ပြီး T-Cell များကို နိုးထစေမည်ဖြစ်သည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံထားသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ကြုံတွေ့ပါက ယင်း၏ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်များကို တိုက်ဖျက်ပေးမည့် ပဋိဇီဝပစ္စည်းနှင့် T-Cell များ ထုတ်လွှတ်ပေးမည် ဖြစ်သည်။ အဆိုပါကာကွယ်ဆေး အလုပ်ဖြစ်လိမ့်မည်ဟု ၈၀ ရာခိုင်နှုန်း ယုံကြည်ထားကြောင်း ဂျင်နာသိပ္ပံဌာန၏ ကာကွယ်ဆေးဗေဒဆိုင်ရာ ပါမောက္ခ ဆာရာဂီဘတ်က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ