နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တုပ်ကွေးရာသီနှင့် တိုက်ဆိုင်နေဖွယ်ရှိ၍ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းက ပိုဆိုးလိမ့်မည်ဟု CDC ဒါရိုက်တာ သတိပေး

ဧပြီ ၂၃၊ ဝါရှင်တန် အမေရိကန်နိုင်ငံတွင် ကြုံတွေ့မည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းက ပထမလှိုင်းထက် ပိုမိုဆိုးရွားလိမ့်မည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ(CDC)ဒါရိုက်တာ ရောဘတ်ရက်ဖီးဒ် က သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းဖြစ်ပေါ်မည့်အချိန်မှာ တုပ်ကွေးရာသီနှင့် တိုက်ဆိုင်နေဖွယ်ရှိခြင်းကြောင့် အန္တရာယ်ပိုများသည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် တွေးမရနိုင်သည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေလိမ့်မည်ဟု ယင်းက ပြောသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၈၀၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၄၅၀၀၀ ကျော် ရှိသည်။ ပြီးခဲ့သည့်တနင်္လာနေ့က ကယ်လီဖိုးနီးယားပြည်နယ်တွင် တစ်ရက်အတွင်း ကူးစက်ခံရသူအများဆုံး စံချိန်တင်ခဲ့ပြီး နယူးဂျာစီပြည်နယ်တွင်လည်း တစ်ရက်အတွင်း သေဆုံးသူစံချိန်တင် မြင့်တက်ခဲ့သည်။ အမေရိကန်အရာရှိများအနေဖြင့် တုပ်ကွေးရောဂါနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တစ်ပြိုင်တည်း ရင်ဆိုင်ရနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားရန် ရောဘတ်ရက်ဖီးဒ်က တိုက်တွန်းခဲ့သည်။ ထို့ကြောင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးထားကြရန် အရေးကြီးသည်ဟု ယင်းက ဆိုသည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် ပိတ်ဆို့မှုစည်းမျဉ်းများ ဖြေလျှော့ရန် စီစဉ်နေချိန်တွင် ရောဘတ်ရက်ဖီးဒ်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ