နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတနော်မြို့နယ်၌ ဆိုလာပြားဘထ္ထရီအားသွင်းရာမှ အပူလွန်ကဲ မီးလောင်မှုဖြစ်ပွား

ပန်းတနော် ဧပြီ ၂၃ ဧပြီ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီ ၅ မိနစ်အချိန် ပန်းတနော်မြို့နယ်၊ ဆင်ချောင်းကျေးရွာနေ ဦးသိန်းထွန်း(ခ)လွယ်ထူး(၄၃)နှစ်၏နေအိမ်၌ ဆိုလာပြားဖြင့် ဘထ္ထရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မွန်းတည်း ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်ပါ ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် သိန်းထွန်း(ခ)လွယ်ထူး(ဖမ်းမိ)အား ပန်းတနော်မြို့မရဲစခန်း၊ (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးလောင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ