နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့၌ စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်အစေ့များသိမ်းဆည်းရမိ

ကော့သောင်း ဧပြီ ၂၃ ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ သန်းထိုက်(၃၅)နှစ်၏ နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ယင်းအား တွေ့ရှိပြီး နေအိမ်အောက်ထပ်၌ ရပ်ထားသည့် ဆိုင်ကယ်တူးဘောက် အတွင်းမှ WY စိတ်ကြွဆေးပြား ၁၂၀ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် သန်းထိုက်(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူ ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်နေ၊ အောင်စိုးဟိန်း (ခ)ဘိတ်သား(၃၇)နှစ်နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ယင်းအားတွေ့ရှိပြီး နေအိမ်အိပ်ခန်းရှိ ပလပ်စတစ်ခြင်းအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဆေးခြောက်အစေ့ ၀ ဒသမ ၀၀၇ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် အောင်စိုးဟိန်း(ခ)ဘိတ်သား(၃၇)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။ အလားတူ ဧပြီ ၂၂ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်နေ စောဝေခင်(ခ) ညီညီ(၄၃)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး နေအိမ်အိပ်ခန်းရှိ အိပ်ရာခင်း အောက်မှ ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၃၀၀ ပြားနှင့် ဆေးခြောက်အစေ့ ၀ ဒသမ ၀၇ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် စောဝေခင်(ခ)ညီညီ(၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ