နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

လားရှိုး ဧပြီ ၂၃ ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များပါဝင်သောပူးပေါင်း အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ ကုန်းညောင် ကျေးရွာအနီးတွင် တွေ့ရှိသူ မျိုးဇော်နိုင် (ခ)အငဲ၊ လောက်အန်း(ခ)ချိန်ရှီးအန်း၊ အိုက်စိုင်းနှင့် မာနော် (ခ)ဆိုင်းလာတို့အား ရှာဖွေရာ မျိုးဇော်နိုင်(ခ)အငဲ၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊ မြန်မာငွေ ၃၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၃ လုံး၊ မော်တော်ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မျိုးဇော်နိုင် (ခ)အငဲ(၃၇)နှစ်၊ လောက်အန်း(ခ)ချိန်ရှီးအန်း(၂၅)နှစ်၊ အိုက်စိုင်း (၂၇)နှစ်၊ မာနော် (ခ)ဆိုင်းလာ(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ