နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကပ်ရောဂါကြောင့် မစ်ဆူရီပြည်နယ်က တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီကို တရားစွဲ

ဧပြီ ၂၂၊ ဝါရှင်တန် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ပရိယာယ်ဆင်ခဲ့သည်ဟုဆိုကာ အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်က တရုတ်အစိုးရနှင့် အာဏာရကွန်မြူနစ်ပါတီကို တရားစွဲဆိုလိုက်သည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် အစပြုပျံ့နှံ့ခဲ့သည့် COVID-19 ‌ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၂.၅ သန်းကျော်ရှိပြီး သေဆုံးသူ ၁၇၇၀၀၀ ကျော် ရှိနေသည်။ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၈၁၉၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၅၃၄၀ ရှိနေသည်။ ''တရုတ်အစိုးရက COVID-19 အန္တရာယ်၊ ကူးစက်မှုသဘောသဘာဝနဲ့ပတ်သက်ပြီး ကမ္ဘာကို လိမ်ညာခဲ့တယ်။ ဖော်ကောင်လုပ်တဲ့သူတွေကို နှုတ်ပိတ်တယ်။ ရောဂါပြန့်ပွားမှုကို တားဆီးဖို့ မည်ကာမတ္တပဲ လုပ်ခဲ့တယ်။ သူတို့ရဲ့လုပ်ရပ်တွေအတွက် သူတို့ကို တာဝန်ယူခိုင်းရမယ်''ဟု မစ်ဆူရီပြည်နယ် အစိုးရရှေ့နေချုပ် အဲရစ်ရှမစ်က ပြောသည်။ မစ်ဆူရီပြည်နယ်၏ တရားစွဲဆိုမှုတွင် အသက်ဆုံးရှုံးမှု၊ လူသားတွေ ထိခိုက်ခံစားရမှု၊ စီးပွားရေးမငြိမ်သက်မှုများအတွက် နစ်နာကြေးတောင်းဆိုထားသည်။ သို့သော် COVID-19 ရောဂါကို ကိုင်တွယ်ထိန်းသိမ်းပုံ မှားယွင်းခဲ့သည်ဆိုသော စွပ်စွဲချက်များကို တရုတ်အစိုးရက ငြင်းဆန်ထားသည်။ အမေရိကန်နိုင်ငံ၏ ဥပဒေအရ ပြည်ပအစိုးရများကို ယခုကဲ့သို့ တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ပေးထား၍ မစ်ဆူရီပြည်နယ်အစိုးရအနေဖြင့် တရားစွဲဆိုရာတွင် ဥပဒေကြောင်းနှင့် လုပ်ဆောင်မှုအရ ကြီးမားသည့် အတားအဆီးများ ကြုံရမည်ဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ