နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကပ်ရောဂါကာလ အလုပ်သွား၊ အလုပ်ပြန် သတိပြုဆင်ခြင်စရာများ

စက်တင်ဘာ  ၁


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်ကစပြီး ကိုဗစ် (COVID-19) ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandermic disease) လို့ သတ်မှတ်လိုက်တယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်မှာ ကိုဗစ်ပိုးတွေ့နှစ်ဦး တွေ့ရှိလာရာမှ ကိုဗစ်ကပ်ရောဂါရဲ့ နှိပ်စက်မှုခံကြရပြီး ဩဂုတ် ၇ ရက်ထိ ပိုးတွေ့လူနာ ၃၅၉ ဦး၊ ပျောက်ကင်း ၃၀၉ ဦး၊ သေဆုံးလူနာ ၆ ဦးရှိခဲ့ပြီဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာကိုဗစ် (COVID-19) ပိုး တွေ့လူနာ ၁၉၃၃၇၂၀၁ ဦး၊ ရောဂါပျောက်ကင်းလာသူ ၁၂၄၃၈၁၂၂ ဦး၊ သေဆုံး ၇၁၉၀၆၉ ဦးရှိတယ်။ 

လူ့ဘဝမှာသက်တမ်းစေ့ နေထိုင်နိုင်ရေး၊ ရောဂါဘယကင်းစင်ရေး၊ စားဝတ်နေရေးဖူလုံပြည့်စုံရေးတို့ဟာ လူသားတစ်ယောက်အတွက် အလိုအပ်ဆုံးဆန္ဒတွေပဲဖြစ်တယ်။ လူသားတို့သက်တမ်းစေ့နေထိုင်ရေးအတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဆိုတဲ့ အခက်အခဲ အကျပ်အတည်းကြားကာလမှာ အာဟာရပြည့်ဝဖို့ စားဝတ်နေရေးပြေလည်ဖို့၊ အလုပ်အကိုင်တည်မြဲဖို့ အရေးကြီးလာတယ်။ တစ်နေ့စာတစ်နေ့ ဖြေရှင်းကြရတဲ့ တစ်နေ့လုပ်၊ တစ်နေ့စားသမားတွေရှိကြတော့ ဝမ်းရေးအတွက် အိမ်ထဲမှာမနေနိုင်ဘဲ အလုပ်သွားကြရပါ တယ်။

အချို့အစိုးရဝန်ထမ်းအရာထမ်း၊ အမှုထမ်းတွေ၊ အချို့ကပုဂ္ဂလိကလုပ်ငန်းတွေ၊ အချို့ကပွဲစား၊ ကုန်သည်တွေ၊ အချို့ကရပ်ကွက်ထဲဖိနပ်ပါးအောင်လျှောက်ရင်း ဈေးရောင်းကြရတဲ့ လမ်းလျှောက်ဈေးသည် တွေဖြစ်တယ်။ ရုံးခန်းအလုပ်ရုံ၊ စက်ရုံ စတဲ့အလုပ်ခွင်အကြောင်း တင်ပြချင်တာဖြစ်တယ်။

၁။ အလုပ်ခွင်ရောက်တာနဲ့ လက်ကိုရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း၊ အလုပ်ခွင်ကို ရောက်ပြီဆိုရင် လက်ကိုရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောဖို့လိုအပ် ပါတယ်။ အနိမ့်ဆုံး အရက်ပျံ ၆၀ ရာခိုင်နှုန်းပါတဲ့ လက်ဆေးရည် Hand gel နဲ့ ဆေးပေးဖို့လိုပါတယ်။

၂။ ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်းများလည်း ပိုးသန့်စင်စေခြင်း။ ရုံးခန်းထဲကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်းများကို အရက်ပြန်သုတ်ထားတဲ့ ဝါဂွမ်းနဲ့ပွတ်တိုက်ပေးဖို့လိုအပ်ပါတယ်။ ဥပမာ လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်း၊ တက်ဘလက်များ၊ လက်ပ်တော့ (Laptop) များ၊ ကီးဘုတ်တို့ကို အရက်ပြန်သုတ်ထားတဲ့အခါ ဝါဂွမ်းနဲ့သုတ်သင့်တယ်။ 

၃။ ကိုယ်ထိုင်မယ့်နေရာကို ပိုးသန့်စင်ခြင်း။ ကိုယ်ထိုင်ရမယ့်နေရာကို ဂရုတစိုက်ပိုးသတ်ပေးဖို့ လိုအပ် တယ်။ စားပွဲပေါ်က ကော်ဖီခွက်၊ သောက်ရေသန့်သီးသန့်တားဖို့လိုပါတယ်။ မိတ်ဆွေတွေနဲ့ ကော်ဖီ တစ်ခွက် တည်း သောက်ရေသန့်တစ်ဘူးထဲ သောက်တာရှောင်ကြဉ်သင့်ပါတယ်။

၄။ ပိုးသတ်ပြီးတိုင်းလက်ကို ပြန်သန့်ရှင်းရေး။ ပစ္စည်းတစ်ခုကို ပိုးသတ်ပြီးတိုင်း သန့်စင်ပြီးတိုင်း၊ မိမိ လက်ကို ဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကြာ သေချာပွတ်တိုက်ဆေးကြောဖို့လိုအပ်ပါတယ်။ ကိုယ့်မျက်နှာကို လက်နဲ့မကြာခဏကိုင်တာမျိုးမဖြစ်ဖို့ ဂရုပြုသင့်ပါတယ်။ ဟန်းဂျယ် Hand gel ဆောင်သင့်တယ်။

၅။ စကားကိုနီးကပ်စွာပြောခြင်း။ အဆိုပါ အပြုအမူကိုရှောင်ကြဉ်သင့်ပါတယ်။ အရင်ကာလက တစ်ဦးနဲ့တစ်ဦး စကားကျယ်ကျယ်ပြော၊ ရယ်မောနိုင်ပေမယ့် ကိုဗစ် (COVID-19) ကပ်ရောဂါကာလမှ သည်လိုပြောလို့မရတော့ပါဘူး။ အချို့စားသောက်ဆိုင်တွေမှာ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းမဆိုင်မိအောင် မှန်တစ်ချပ်ခြားထားပါတယ်။ ဆိုလိုတာက လေမှတစ်ဆင့်ကူးစက်မှု လျော့ကျစေရေးစီမံဆောင်ရွက်တာဖြစ် တယ်။ စကားပြောတဲ့အလေ့အကျင့်ဖျောက်သင့်ပါတယ်။ ယခင်ကလို ဖက်လဲတကင်းနှုတ်ဆက်ပြီး မပြီးနိုင် မစီးနိုင် အချိန်ကုန်ခံပြီး ဖုန်းကတစ်ဆင့် ပြောနိုင်ပါတယ်။

၆။ လက်ဆွဲနှုတ်ဆက်ခြင်း။ အဆိုပါအပြုအမူကို ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ တစ်ဦးနဲ့ တစ်ဦး ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာမျိုး ရှောင်ကြဉ်သင့်တယ်။ လက်ဆွဲနှုတ်ဆက်မယ့်အစား ပြုံးပြပြီး နှုတ်ဆက်သင့်ပါတယ်။ တစ်တောင်ဆစ်ချင်းတိုက်ပြီး နှုတ်ဆက်နိုင်တယ်။ လက်သီးချင်းထိပြီး နှုတ်ဆက်နိုင်ပါတယ်။ နိုင်ငံခြားဘောလုံးပွဲမှာ နှုတ်ဆက်တာကို တွေ့ဖူးကြပါလိမ့်မယ်။

၇။ နှာခေါင်းစည်းတွေကိုယ်စီတပ်ခြင်း။ အလုပ်ကိုရောက်ပြီဆိုရင် နှာခေါင်းစည်းကို ချွတ်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ထားဖို့လိုအပ်ပါတယ်။ အသုံးပြုပြီးတဲ့ နှာခေါင်းစည်းကို စနစ်တကျစွန့်ပစ်ဖို့ ဂရုပြုသင့်ပါတယ်။ စင်ကာပူလို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံမှာ ကိုယ့်နှာခေါင်းစည်းကို ဆပ်ပြာရည်မှာ စိမ်ထားပြီး ရေနဲ့လျှော်ဖွပ်နေလှမ်းကာ တစ်ယောက်အတွက် ပြန်သုံးတာမျိုးပြုလုပ်သင့်တယ်။ နှာခေါင်းစည်းဝယ်စရိတ်သက်သာပြီး ပတ်ဝန်းကျင်မှာ နှာခေါင်းစည်းအမှိုက်တွေ ရှင်းပြီးဖြစ်သွားတယ်။

၈။ မျက်နှာကာနှင့်လက်အိပ်ခေါင်းစွပ်ဝတ်ခြင်း။ တကယ့်ကိုဗစ်ဖြစ်ပွားနေတဲ့ ဒေသမှာ နှာခေါင်းကို သာမက မျက်နှာကာ (Face Shield) များ တပ်ထားသင့်ပါတယ်။ အမျိုးသမီးဆံပင်ချထားရင် ခေါင်းစွပ် (Cap)များ ဆောင်ထားသင့်ပါတယ်။ တစ်ခါသုံးစွဲပြီး ပြန်သုံးလို့ရနိုင်ပါတယ်။ တစ်ဦးစီရဲ့ပစ္စည်းဖြစ်သင့်ပါတယ်။ 

၉။ နေထိုင်မကောင်းဖြစ်နေလျှင် ခွင့်ယူကာ ကုသမှုခံယူခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းစတဲ့ အအေးမိတုပ်ကွေးဖြစ်နေရင် တစ်သျှူးစနဲ့အုပ်ပြီး ချောင်းဆိုး၊ နှာစေး၊ နှာချေကာသုံးပြီး တစ်သျှူးကို ပလတ်စတစ်နဲ့သေချာထုပ်ပြီး အမှိုက်ပုံးထဲထည့်သင့်တယ်။ လူမြင်ကွင်းမှာ မပစ်သင့်ဘူး။

၁၀။ အများသုံးဘတ်စ်ကား၊  မီးရထားသုံးခြင်း။ အများဆုံးဘတ်စ်ကား၊ ဖယ်ရီကား၊ ရထားစီးနိုင်ပါတယ်။ ကိုယ်ထိုင်မည့်နေရာကို အရက်ပြန်စွတ်ထားတဲ့ ဂွမ်းနဲ့သုတ်သင်ပြီးမှ ထိုင်သင့်တယ်။ မလိုအပ်ဘဲ လက်ရန်းများ  ကိုင်ခြင်း၊ မှီခြင်း၊ လှဲအိပ်ခြင်းမျိုးကို ကိုဗစ် (COVID-19)ကပ်ရောဂါကာလရှောင်သင့်တယ်။ ဘတ်စ်ကား၊ မီးရထားတွေမှာ နှစ်ခုံတွဲတစ်ယောက်နှုန်းစီစဉ်ထားသင့်သလို အလွယ်တကူသန့်စင်နိုင်တဲ့ ဟန်းဂျယ် (Hand gel) ထားပေးသင့်တယ်။ စိတ်မသန့်ရင် အလွယ်တကူသန့်စင်နိုင်လို့ အကျိုးရှိပါတယ်။

၁၁။ အလုပ်ကနေအိမ်ပြန်ခြင်း။ အလုပ်ကနေ အိမ်ပြန်တဲ့အခါမှာလည်း မီးရထား၊ ကား၊ ဖယ်ရီတို့စီးရာ မှာ တစ်စုံတစ်ယောက်ထိုင်တဲ့ စနစ်နဲ့ လူချောင်ချောင်သွားလာနိုင်တဲ့ ယာဉ်မျိုးသာ စီစဉ်ထားသင့်ပါတယ်။ အိပ်ရေးဝဝအိပ်သင့်ပါတယ်။ အိမ်အပြင်ထွက်တာနဲ့ ရောဂါကာကွယ်တဲ့ နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်အိတ်၊ ခေါင်းစောင်းများ တတ်နိုင်ရင် ကိုဗစ် (COVID-19)ဝတ်စုံ (PPE) ဝတ်ဆင်ဖို့လိုရင် ဝတ်ဆင်သင့်ပါ တယ်။ ဥပမာ ကျန်းမာရေးဝန်ထမ်း (သို့) လူပေါင်းစုံကို ကုသပေးရမယ့် ဝန်ထမ်းဖြစ်နေရင် ပီပီအီး (PPE) ဝတ်စုံ၊ နှာခေါင်းစည်းနဲ့ မျက်နှာကာများ၊ လက်အိတ်များ ဝတ်ဆင်ရမှာပဲဖြစ်တယ်။

ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကတစ်ဆင့် ကူးစက်ရာကနေ ဒုတိယ အကြိမ် တရုတ်နိုင်ငံ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်တို့၊ ပြန်ရောက်လာလို့၊ ဒုတိယလှိုင်းလို့ ခေါ်ဆိုနေကြ တယ်။ ယနေ့အချိန်ထိ ကိုဗစ် COVID-19 အတွက် ကာကွယ်ဆေး၊ ကုသဆေးရှာဖွေနေဆဲဖြစ်တယ်။ ကိုဗစ်ကို ဆာကိုဗီတူး (SARSCov2) ဗိုင်းရပ်ပွားစေခြင်းဖြစ်သော အချိန်ကာလဘယ်လောက်ကြာမှ ပြီးစီးမယ်လို့ မခန့်မှန်းနိုင်သေးဘူးဖြစ်နေတယ်။ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံလာနိုင်ရင်တော့ ကမ္ဘာမြေပေါ်ရှိ ကိုဗစ် (COVID-19) ရောဂါ ပျောက်ကင်းသွားနိုင်တယ်။

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ