နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသွားအလာကန့်သတ်စောင့်ကြည့်မှု စည်းမျဉ်းများအဆုံးသတ်ရေး တောင်းဆိုမှုတွင် ဘရာဇီးသမ္မတ ပူးပေါင်းပါဝင်

ဧပြီ ၂၀၊ ဘရာစီလီယာ ဆန္ဒပြသူများက အသွားအလာကန့်သတ်စောင့်ကြည့်မှု စည်းမျဉ်းများ အဆုံးသတ်ရန် တောင်းဆိုသည့် စုဝေးပွဲတွင် ဘရာဇီးသမ္မတ ဘော်ဆိုနာရို ပူးပေါင်းပါဝင်ခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများ ချမှတ်သည့် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းများကို လွှတ်တော်နှင့် အထက်တရားရုံးချုပ်က ထောက်ခံခဲ့သည်။ သို့သော် စုဝေးပွဲတွင် ဆန္ဒပြသူ အချို့က လွှတ်တော်နှင့် အထက်တရားရုံးချုပ်ကို ပိတ်ပစ်နိုင်ရေးအတွက် စစ်တပ်က ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။ ဘရာစီလီယာမြို့တွင် ကျင်းပသည့် စုဝေးပွဲတွင် ဘော်ဆိုနာရိုက နှာခေါင်းစည်းဝတ်ခဲ့ခြင်းမရှိသကဲ့သို့ ဆန္ဒပြသူများကို မိန့်ခွန်းပြောချိန်တွင် ကြိမ်ဖန်များစွာ ချောင်းဆိုခဲ့ကြောင်း တွေ့ရသည်။ ဘော်ဆိုနာရိုသည် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ရေးစည်းမျဉ်းများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က ကျန်းမာရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေထက် စီးပွားရေး ပြိုလဲမှုအခြေအနေ ပိုမဆိုးစေရန်အတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် လိုအပ် သည်ဟု ကျန်းမာရေးဝန်ကြီးသစ် မိတ်ဆက်ပွဲအခမ်းအနားတွင် ဘော်ဆိုနာရိုက ပြောခဲ့သည်။ သို့သော် ဘရာဇီး နိုင်ငံသားအများစုက လူမှုရေးမရောနှောမှု(social isolation)စည်းမျဉ်းများကို ထောက်ခံအားပေးကြသည်။ ဘရာဇီးနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၈၆၅၄ ဦးရှိပြီး လူ ၂၄၆၂ ဦး သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ