နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID ကြောင့်စီးပွားရေးထိခိုက်​​သော MSME လုပ်ငန်းမ​ျားကို JICA မှ ​ချေး​ငွေထုတ်​​ချေးမည်​

ရန်ကုန်  ဩဂုတ်  ၂၂


မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံဖြိုးတိုးတက်ရေးနှင့် COVID ကြောင့်စီးပွားရေးထိခိုက်မှုများ ကူညီပေးနိုင်ရန်ရည်ရွယ်လျက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)က မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် Two Step Loan ချေးငွေအဖြစ် သတ်မှတ်ကာ ချေးငွေများထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချေးငွေကိုရယူလိုသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင် နေကြသူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် ခ​ျိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချေးငွေအတွက် အပေါင်ပစ္စည်းထားပါက အများဆုံးကျပ်သန်း ၃၀ဝ အထိချေးယူနိုင်ကြောင်း၊ အပေါင်ပစ္စည်းအနည်းငယ် သို့မဟုတ် မပါဝင်ပါက အများဆုံးကျပ်သန်း၂၀ အထိချေးယူနိုင်မည်ဖြစ်ကြောင်း ချေးငွေအတွက်အကြံပေး လုပ်ငန်းများဆောင်ရွက်နေသူ ဦးရဲနိုင်ထံမှ သိရှိရသည်။

အတိုးအနေဖြင့် အပေါင်ပစ္စည်းပါဝင်ပါက အတိုးမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အပေါင် ပစ္စည်းမပါဝင်ပါက အတိုးမှာ ၆ရာခိုင်နှုန်းမှ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ချေးငွေသက်တမ်းမှာ အများဆုံး ၅နှစ် ဖြစ်ကြောင်းသိရသည်။

ချေးငွေသက်တမ်း ၃ နှစ်အောက်ဖြစ်ပါကပေးဆပ်ရမည့်စနစ်မှာ ဆိုင်းငံ့ကာလ ၆ လသတ်မှတ်ပြီး အရင်းကို ၆ လတစ်ကြိမ် ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ချေးငွေသက်တမ်း ၃ နှစ်အထက်ဖြစ်ပါက ပြန်လည် ပေးဆပ်ရမည့်စနစ်မှာ ဆိုင်းငံ့ကာလ တစ်နှစ်သတ်မှတ်ပြီး အရင်းကို ၆ လတစ်ကြိမ် ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။                                                                                                      

မင်​းခ






အခြားဆက်စပ်သတင်းများ