နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
NLD ပါတီ၏ မဲဆွယ်စည်းရုံးရေးကြွေးကြော်သံထွက်ပေါ်

ရန်ကုန်  ဩဂုတ်  ၂၂


NLD ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ''အောင်လံခိုင်ဖို့ မဲပေးစို့''၊ ''ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး''ဟူသော ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးသွားမည်ဟု NLD ကိုယ်စားလှယ်လောင်းများထံက သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ''ပြောင်းလဲချိန်တန်ပြီ'' ဟူသော ကြွေးကြော်သံတစ်ခုတည်းဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံအတိုင်းအတာအနေဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

NLD ပါတီနည်းတူ ပြည်ခိုင်ဖြိုးပါတီမှ ''ပိုမိုတောက်ပသော အနာဂတ်''၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီမှ ''ပိုပြီးကောင်းအောင် ပြောင်းကြမယ်''၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ''လူထုဘဝ အဓိက''၊ ''တစ်သင်းလုံးကန်မည် PPP''ဟူသော ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးသွားကြမည်ဖြစ်သည်။                                                            

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ