နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mask များအပါအဝင် အရေးကြီးကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် UMFCCI မှ အသိပေးကြေညာချက် ထုတ်ပြန်

ရန်ကုန်  ဩဂုတ် ၂၂


Mask များအပါအဝင် အရေးကြီးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)က အသိပေးကြေညာချက်ကို ဩဂုတ် ၂၁ ရက်က တရားဝင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ဩဂုတ် ၂၀ ရက်တွင် ကူးစက် ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေကြောင့်ယခုအခါ ရန်ကုန်မြို့အပါအဝင် ပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ ပြည်သူများ အနေဖြင့် COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးကို ပိုမိုအလေးထားလာခဲ့ရာ ဈေးကွက်များ တွင်လည်း ပါးစပ်၊နှာခေါင်းစည်း(Mask)များ ဝယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်လာကြကြောင်း ထိုအသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ မတ်လ၃၁ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြေညာစာအမှတ်(၂၂/၂၀၂၀) အရ အရေးကြီးကုန်စည်များဖြစ်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရန် (သို့မဟုတ်)ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို တားမြစ်ထားကြောင်း သိရသည်။

ထို့အတွက်ကြောင့် အရေးကြီးကုန်စည်များအား တင်သွင်းဖြန့်ဖြူး ရောင်းချနေသည့်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ အနေဖြင့် အများပြည်သူ၏ ကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် UMFCCI မှ အသိပေးကြေညာချက်တွင် တိုက်တွန်းထားကြောင်း သိရသည်။                                          (မိုးယံထက်)






အခြားဆက်စပ်သတင်းများ