နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးမြို့တွင် ဓားလက်နက်ကိုင်ဆောင်သူလေးဦးကို ဖမ်းဆီးအရေးယူ

မင်းဘူး  ဩဂုတ်  ၂၂  


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက်  မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဩဂုတ် ၂၀ ရက်၊ ည ၇ နာရီက မင်းဘူး-ပဒါန်းကားလမ်းနှင့် မင်းဘူး-စကုကားလမ်းရှိ လမ်းအသုံးပြုခကောက်ခံရေးမောင်းတံဂိတ်တို့တွင်ဆောင်ရွက်ခဲ့စဉ် ဓားလက်နက် ကိုင်ဆောင်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ  သိရသည်။

အဆိုပါလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ရပ်တန့်ရှာဖွေစစ်ဆေးရာမှ ကန်ရေကျေးရွာနေသူ စိုးလှိုင်၏ ဆိုင်ကယ်အနက်ရောင်တူးဘောက်ထဲမှ အရိုးအသွား ၁၀ လက်မခန့် သတ္တုအရိုးတပ်ဓားမြှောင်တစ်ချောင်း၊ အလံပါယ်ကျေးရွာနေသူ တက်တိုးခိုင်ထံမှ အရိုးအသွား ၈ လက်မခန့် ဓားမြှောင်တစ်ချောင်း၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် အုတ်ကျင်းရပ်နေသူ အေးမင်းထက် လွယ်ထားသော အဝါရောင်လွယ်အိတ်အတွင်းမှ  အရိုးအသွား ၁၂ လက်မခန့်သံအရိုးတပ် ဓားမြှောင်တစ်ချောင်းနှင့် ပွင့်ဖြူမြို့နယ်၊ ရွာသာကြီးကျေးရွာနေသူ မျိုးလွင်၏ ခန္ဓာကိုယ်တွင် လွယ်လျက်အရိုးအသွား ၁၆ လက်မခန့် သစ်သားရိုးတပ် ဓားမြှောင်တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရသည်။

ထို့ကြောင့် အများပြည်သူသွားလာနေသော လမ်းမပေါ်တွင် ဓားဦးချွန်၊ ဓားမြှောင်ကိုင်ဆောင်သူ များဖြစ်ကြသော စိုးလှိုင်၊ အေးမင်းထက်၊ တက်တိုးခိုင်နှင့် မျိုးလွင်တို့လေးဦးကို မင်းဘူးမြို့မရဲစခန်းတွင်  အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ