နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလ ပြည်သူများစားသုံးမှုအဆင်ပြေရေး သက်သာသောနှုန်းဖြင့် ဆန်ရောင်းပေးမည်

ရန်ကုန်   ဩဂုတ်  ၁၉


ကိုဗစ်ကာလ ပြည်သူများစားသုံးမှုအဆင်ပြေစေရန် ဆန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဩဂုတ် ၁၈ ရက်  ရက်စွဲဖြင့် ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားသည်။

"ဧည့်မထ/လုံးရှည် ၂၅ မှတ်ဆန်တစ်အိတ်ကိုကျပ် ၂၂၈၀ဝ နဲ့ရောင်းပေးမှာဖြစ်ပါတယ်။ အဖွဲ့ အစည်းအလိုက်၊ ကုမ္ပဏီအလိုက်ရောင်းပေးမှာဖြစ်ပါတယ်။ တစ်ဦးချင်းတော့ရောင်းမှာမဟုတ်ပါဘူး။ ရန်ကုန် မှာဆိုရင်တော့ ဝါးတန်းဆိပ်ကမ်းမှာ နံနက် ၈ နာရီမှ ၁၁ နာရီကြား လာရောက်ဝယ်ယူလို့ရပါတယ်"ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ  Senior Acountant ဒေါ်စပယ်ထံမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလမ်းညွှန်မှုဖြင့် ကိုဗစ်ကာလစားသုံးသူပြည်သူများ စားသောက်မှုအဆင်ပြေစေရန် လက်လီအရောင်းဆိုင်များမှဖြစ်စေ၊ ကုမ္ပဏီအဖွဲ့အစည်းလိုက်ဖြစ်စေလာ ရောက်ဝယ်ယူနိုင်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တို့၌ ပစ္စည်းထုတ်ယူရေးအဆင်ပြေသောနေရာ များ၌ ရောင်ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဒေသအလိုက်ဆန်တစ်ပြည်လျှင် ကျပ် ၁၀ဝ၀၊ ကျပ် ၁၀၅၀၊ ကျပ် ၁၁၀ဝ ထက်မပိုကြောင်း၊ အပြင်လက်လီဈေး တစ်ပြည်ကျပ် ၁၃၀ဝ၊ ၁၄၀ဝ ကျပ် ဈေးရှိကြောင်း၊ ထို့အတွက် ဈေးသက်သာစွာရောင်းချ ပေးခြင်းဖြစ်ကြောင်း၊ ဝယ်ယူလိုသူအဖွဲ့အစည်းများအနေဖြင့် ဖုန်း 09 694386994၊ 09 694386995 သို့ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းခ






အခြားဆက်စပ်သတင်းများ